28 C
Yangon

မိုးမောက်မြို့နယ်၊ နွယ်မလန်းကျေးရွာအနီးရှိ ခမရ ၄၃၈ တပ်ရင်း၊ ၆၁၆ ဒုံးတပ်ရင်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ဗန်းမော်လေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

Must read

မိုးမောက်မြို့နယ်၊ နွယ်မလန်းကျေးရွာအနီးရှိ ခမရ ၄၃၈ တပ်ရင်း၊ ၆၁၆ ဒုံးတပ်ရင်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ဗန်းမော်လေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

ရန်ကုန်၊ မတ် ၂၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နွယ်မလန်းကျေးရွာအနီးရှိ ခမရ ၄၃၈ တပ်ရင်းနှင့် ၆၁၆ ဒုံးတပ်ရင်းတို့ကို ယနေ့ညနေပိုင်းတွင် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက်အစောပိုင်းမှစတင်ပြီး မိုးမောက်မြို့နယ်၊ နွယ်မလန်းကျေးရွာအနီးရှိ ခမရ ၄၃၈ တပ်ရင်း၊ အမှတ် ၆၁၆ ဒုံးတပ်ရင်း၊ နောင်ကွန်အမြှောက်တပ် တို့ကို KIA ဦးဆောင်သော မဟာမိတ်တပ်များက စတင်တိုက်ခိုက်ခဲ့ ကြောင်း၊ ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် တွင် ခမရ ၄၃၈ တပ်စခန်းကိုလည်းကောင်း၊ ယနေ့ ည ၇ နာရီအချိန်တွင် အမှတ် ၆၁၆ ဒုံးတပ်ရင်းကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

“ခမရ ၄၃၈ တပ်ရင်းနဲ့ အမှတ် ၆၁၆ ကတော့ ရသွားပါပြီ။ နယ်မြေရှင်းလင်းရေးတွေလည်း လုပ်နေပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဗန်းမော်မြို့နယ်ရှိ ဗန်းမော်လေတပ်နှင့်လေယာဉ်ကွင်းကိုလည်း ယနေ့ မွန်းလွဲပိုင်းတွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လတ်တလော KIA ဘက်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကိုသာ အတည်ပြုပြီး ပျက်စီးမှု အခြေအနေနှင့် ပစ်ခတ်မှု အသေးစိတ်အခြေအနေကို ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း KIA သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

“ဗန်းမော်လေယာဉ်ကွင်းဘက်မှာ ပေါက်ကွဲတဲ့အသံကတော့ ကြားလိုက်ရတယ်။ ပေါက်ကွဲသံနဲ့အတူ အိမ်တွေတောင်တုန်ခါသွားတယ်” ဟု ဗန်းမော်မြို့မှ ပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေး ဆောင်ရွက်နေကြသည့် KIA နှင့် PDF ပူးပေါင်းတပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article