အရာတော်မြို့နယ်တွင် ပြည်သူများကို တော်လှန်ရုပ်ရှင်ဇာတ်ကားများ ပြသခြင်းနှင့် သပိတ်တရားဟောပြောခြင်း ပြုလုပ်
ရန်ကုန်၊ မတ် ၂၁
အရာတော်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်၍ ပြည်သူများကို တော်လှန်ရုပ်ရှင်ဇာတ်ကားများပြသခဲ့ကြောင်း သိရှိရသည်။
The Way တော်လှန်ရုပ်ရှင် ဇာတ်ကား၊ သစ္စာ တော်လှန်ရုပ်ရှင်ဇာတ်ကားများ ပြသခဲ့ပြီး အရာတော်မြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူများက ပြည်သူများကို သပိတ်တရားများ၊ မကြောက်တရား အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2024/03/432903653_772859804941628_3096535179903558260_n.jpg)
![](https://yktnews.com/wp-content/uploads/2024/03/432941959_772859864941622_4013667317516437658_n.jpg)
![](https://yktnews.com/wp-content/uploads/2024/03/433087462_772859491608326_6203719161509184620_n.jpg)