26 C
Yangon

မင်းတုန်းတွင် စစ်တပ်ရဲ့ ရှို့မီးအပြင် တောမီးကြောင့်ပါ မှန်ရွာမနှင့် ကျွန်းတောရွာ ရွာလုံးကျွတ် ပြာကျပြီး အိမ်ထောင်စု ၁၆၀ အိုးမဲ့အိမ်မဲ့ဖြစ်၊ အသက် ၈၀ အရွယ် အဘွားအို မီးလောင်သေဆုံး

Must read

မင်းတုန်းတွင် စစ်တပ်ရဲ့ ရှို့မီးအပြင် တောမီးကြောင့်ပါ မှန်ရွာမနှင့် ကျွန်းတောရွာ ရွာလုံးကျွတ် ပြာကျပြီး အိမ်ထောင်စု ၁၆၀ အိုးမဲ့အိမ်မဲ့ဖြစ်၊ အသက် ၈၀ အရွယ် အဘွားအို မီးလောင်သေဆုံး

ရန်ကုန်၊ မတ် ၂၃

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ်ရဲ့ ရှို့မီးကြောင့် ရွာအများအပြား ပြာကျပျက်စီးပြီး ပြည်သူတွေ အိုးမဲ့ အိမ်မဲ့ဖြစ်နေရချိန်မှာ နွေရာသီပူပြင်းလို့ လောင်ကျွမ်းတဲ့ တောမီးကြောင့်ပါ မှန်ရွာမနဲ့ ကျွန်းတောရွာတို့ ရွာလုံးကျွတ် မီးကူးစက် လောင်ကျွမ်းကာ လူဦးရေ ၁၀၀၀ နီးပါး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ကနေ ည ၉ နာရီခွဲအထိ မင်းတုန်းမြို့နယ်၊ မှန်ရွာမနဲ့ ကျွန်းတောရွာကို တောမီးကတစ်ဆင့် နေအိမ်တွေအားလုံး မီးကူးစက် လောင်ကျွမ်းပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းသွားပါတယ်။ လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ မှန်ရွာမနဲ့ ကျွန်းတောရွာမှာ အိမ်ခြေ ၁၈၀ ရှိပြီး အိမ်ခြေ ၁၆၀ ကျော် အချိန်မီ မီးမငြိမ်းသတ်နိုင်ဘဲ ရွာလုံးကျွတ် မီးကူးစက်လောင်ကျွမ်းခံခဲ့ရတာဖြစ်ပါတယ်။

တောမီးကတစ်ဆင့် ကူးစက်လာတဲ့ မီးလောင်မှုကြောင့် အသက် ၈၀ အရွယ် အဘွား ဒေါ်မိယုံ မီးထဲပါသွားပြီး သေဆုံးခဲ့ပါတယ်။

“တောမီးကတဆင့် တစ်ရွာလုံးနီးပါး မီးလောင်သွားပါတယ်။ တစ်ရွာလုံးနီးပါး အိမ်တွေအကုန်ပါသွားကြပါတယ်။ လက်ရှိမှာတော့ ရွာသားတွေ အဆင်ပြေတဲ့နေရာမှာ ဖြစ်သလိုနေကြပြီး တချို့လည်း အဝတ်အစားကအစ မပါကြ ၊ ဘာမှ သယ်ချိန်မရလိုက်ကြဘူး။ လူပဲလွတ်အောင်ရှောင်ကြရတယ်” လို့ ဒေသပြည်သူတစ်ဦးက ဆိုပါတယ်။

တောမီးကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်နေရတဲ့ မှန်ကျေးရွာမှ မီးဘေးသင့် ပြည်သူတွေအနေနဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article