28 C
Yangon

ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ တနင်္သာရီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦး တို့ ရာထူးတာဝန်မှ အနားပေးခံရ

Must read

ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ တနင်္သာရီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦး တို့ ရာထူးတာဝန်မှ အနားပေးခံရ

■ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများနှင့် တိုင်းမှူးများ အပြောင်းအလဲလုပ်

ရန်ကုန်၊ မတ် ၂၃

အကြမ်းဖက်စစ်ကောင်စီက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများနှင့် တိုင်းမှူးများ အပြောင်းအလဲလုပ်လိုက်ပြီး ကစထ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ တနင်္သာရီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦးတို့ ကို ရာထူးတာဝန်များမှ ဖယ်ရှားအနားပေးလိုက်ကြောင်း သိရှိရသည်။

အလယ်ပိုင်းတိုင်း တိုင်းမှူးဘ၀မှ ကစထမှူး ၁ ဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး(DSA-38)ကို ကျန်းမာရေးအရ ရာထူးတာဝန်မှ အနားပေးလိုက်ကြောင်း၊ ကစထ ၁ မှူးနေရာတွင်တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း(DSA-36)ကို ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးပေး၍ ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

AA ကို စစ်ရှုံးနေသည့် ရခိုင်တိုင်းမှူး (သို့မဟုတ်) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး(DSA-35)ကို ရာထူးတာဝန်မှ ဖယ်ရှားအနားပေးလိုက်ပြီး ရခိုင်တိုင်းမှူးအဖြစ် အမှတ် ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်(DSA-41)ကို ရာထူးတိုးပေးခန့်အပ်လိုက်ကြောင်း သိရှိရသည်။ ဗိုလ်မှူးချုပ် ကျော်ကျော်ဟန် သည် ရခိုင်တိုင်းရင်းသားဖြစ်ပြီး ရသေ့တောင်ဇာတိဖြစ်ကာ အသက်အငယ်ဆုံးဖြင့် တိုင်းမှူးဖြစ်လာသူလည်းဖြစ်သည်။

တနင်္သာရီတိုင်း တိုင်းမှူး (သို့မဟုတ်) ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး (အလုပ်သင်-၂၂) ကို ရာထူးမှ ဖယ်ရှား အနားပေးလိုက်ပြီး ကမ်းရိုးတန်းတိုင်းမှူးအသစ်အဖြစ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း(DSA-39) ကို ပြောင်းရွှေ့ ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျော်လင်းမောင်(DSA-40)ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ပြောင်းရွှေ့ ခန့်အပ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article