25 C
Yangon

နာဂဒေသ၊ မြို့နယ် ၃ ခုတွင် ဝက်ရူးပြန်ရောဂါရှိ၊ စိတ်မနှံ့သူ၊ မျက်လုံးတစ်ဖက်မရှိသူများပါ စစ်မှုထမ်းခိုင်းရန်စာရင်းကောက်၊ စစ်မှုထမ်းရန် ငြင်းဆန်သူမှန်သမျှ အရေးယူခံရမည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ် ၃ ခုတွင် အကြမ်းဖက်စစ်တပ်လက်အောက် ခံ မြို့နယ်ထွေအုပ်နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ဝက်ရူးပြန်ရောဂါရှိ၊ စိတ်မနှံ့သူ၊ မျက်လုံးတစ်ဖက်မရှိသူများနှင့် မသန် စွမ်းများကိုပါ စစ်မှုထမ်းခိုင်း ရန် စာရင်းကောက်ယူနေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့နယ်များဖြစ်သည့် နန်းယွန်းမြို့နယ်၊ လဟယ်မြို့နယ်နှင့် လေရှီး မြို့နယ်တို့တွက် စစ်မှုထမ်းရန် အသက် ၂၈ နှစ်မှ ၃၅ လူငယ်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူး နှင့် ရပ်ကွက်ကျေး ရွာအုပ် ချုပ်ရေးမှူးများ ပူးပေါင်းပြီး တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူ လျက်ရှိသည့်အပြင် စစ်မှုထမ်းရန် ငြင်းဆန်ပါက အရေးယူခံရမည်ကို သိရှိပါကြောင်း ကတိခံဝန်ချက်များပါ လက်မှတ်ရေးထိုးပေးနေရကြောင်း သိရသည်။

“ကျနော်တို့ နာဂဒေသမှာ စစ်မှုထမ်းဖို့ မျက်လုံးတစ်ဖက်မရှိတဲ့သူရော၊ ဝက် ရူးပြန်ရောဂါရှိတဲ့သူရော၊ ဟိုရွှေအတွေပေါ့နော၊အဲဒါတွေရော၊ ကျပ်မပြည့်တဲ့သူတွေရော စာရင်းကောက်နေတာ၊ ဝက်ရူးပြန် ရောဂါရှိမှန်း လူတိုင်းသိတယ်၊ မျက်လုံးတဖက်မရှိမှန်း လူတိုင်းသိတယ်၊ ဒါတွေဘာကောက် နေတာ လေ၊ အဲလိုကောက်နေတော့ မိဘတွေက စိုးရိမ်နေကြတာပေါ့၊ လက်ရှိခေါ် တာမျိုးတော့ မရှိသေး ဘူး၊ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ရယ်၊ ၂၄ နှစ်ကနေ ၃၀ ကြား အဲလို ၂ မျိုး ကောက်နေတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။

နာဂဒေသတွင် မြို့နယ်တစ်ခုလျှင် လူဦးရေ ၇ ထောင်နှုန်းဖြင့် စစ်ကောင်စီလက် အောက်ခံ လဝက ရုံးကရရှိသည့် စာရင်းဖြင့် စစ်သားသစ်နှင့် ပြည်သူ့စစ်များအဖြစ် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

“ဆင့်ခေါ်စာတွေထွက်တယ်၊ ဆင့်ခေါ်စာထဲမှတောင်မှ လာရောက်ပြီး အချက် အလက်မဖြည့်လို့ရှိရင် စစ်မှုထမ်း ဥပဒေအရ အရေးယူဆောင်ရွက်မယ်ဆိုတာ စာပါတယ်။ အဲလိုမျိုးတွေ အမျိုးမျိုးလုပ်နေ တာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း နာဂပဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း နာဂပဲ။” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နန်းယွန်းမြို့နယ်နှင့် လဟယ်မြို့နယ်သည် လူဦးရေအားဖြင့် တူညီမှုရှိပြီး လေရှီးမြို့နယ်သည် လူဦး ရေ အနည်း ဆုံးဖြစ်ဖြစ်ကြောင်း၊ မြို့နယ် ၃ ခုပေါင်းပါက စစ်မှုထမ်းရန် အကျုံးဝင်သည့် ခန့်မှန်းခြေ ဦးရေ ၁ သောင်းခွဲခန့်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ၂၀၂၃ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီတိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် တက်ရောက်စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၃ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီတိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် တက်ရောက်စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article