27 C
Yangon

အုတ်ဖိုမြို့နယ်၊ တင်ဝါးချောင်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

အုတ်ဖိုမြို့နယ်၊ တင်ဝါးချောင်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၃

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တင်ဝါးချောင်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၃ ရက်နေ့ နံနက် ၁၀နာရီ ၂၅ မိနစ်အချိန်ခန့်တွင် အုတ်ဖိုမြို့နယ် အရှေ့ဘက် ဗျူဟာလမ်းဘေးရှိ တင်ဝါးချောင်းရွာထိပ် ဘုန်းကြီးကျောင်းတွင် စခန်းချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့၊ ၃၈၀၁ တပ်ခွဲ ၁ ရိုးမ GBK PDF နှင့် MNO PDF မဟာမိတ်အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျုဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၂၃ ရက် နေ့တွင် ၈ နာရီခန့်မှ ညနေ ၆ နာရီခန့်အထိ ပခုက္ကူမြို့၊ ညောင်ဂျစ်ပင် ပျူစောထီးကျေးရွာသို့ ရောက်ရှိနေသော တပ်မ ၁၀၁ မှ ထွက်လာသည့် စစ်ကြောင်းနှင့် ရိက္ခာ တင် ကား အစီးရေ ၁၀၀ ခန့်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းများဖြင့် အီနာဂါဗုံးသီး ၇ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရိက္ခာတင်ကားများထဲမှ မိုင်းကျင်းအတွင်းကျရောက်ပြီး နစ်နေသော ၁၂ ဘီး ကားတစ်စီး ကို ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ ကရိန်းကားဖြင့် လာရောက်ဆွဲယူစဉ် ဒရုန်း ဖြင့် အီနာဂါဗုံးသီး အလုံဂ ၂၀ ဆက်တိုက်ကျဲချကာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရရှိကာ ညနေ ၄ နာရီ ခန့်တွင် ပခုက္ကူမြို့သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း ၁ နှင့်အတူ တော်လှန်ရေးတပ်ပေါင်းစုများ၊ မဟာ မိတ် အဖွဲ့များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article