25 C
Yangon

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ရေဦးတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ရေဦးတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းခွဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့တွင် ရွှေဘိုမြို့နယ် တည်သီးတောရွာနှင့် ညောင်ကိုင်းရွာရှိ ပျူစောထီးများက ရိတ်ခါသယ်ကင်းချိန်းရန် သွားရောက်စဉ် မင်းဘေးကျေးရွာနှင့် ထနောင်းကိုင်းရွာ အကြား နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက တိုက်မိုင်း ၂ လုံး၊ နံနက် ၉ နာရီ ၂၅ မိနစ်တွင် နင်းမိုင်း ၂ လုံးနှင့် နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် တိုက်မိုင်း ၅ လုံး တို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇီးဖြူကုန်းရွာမှ ထွတ်လာသည့် အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက မြိုသာရွာ အထွက်တွင် တိုက်မိုင်း ၂ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းမိုင်းဆွဲ တိုက်ခိုက်မှုများအတွင်း ညောင်ကိုင်းပျူရွာမှ ရဲ ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ဂျပန်ကြီး-T.T.T-Shwe Bo (LPDF) – ဗိုလ်ကျားရိုင်း – ရွှေဘို LPDF၊ GOLDEN EAGLE-ZBG၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ တောင်သူကြီးများအဖွဲ့ ၊ တိုက်နယ်၂ အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ရက်နေ့တွင် တန့်ဆည်မြို့မှထွက်လာပြီး ရေဦးမြို့နယ်၊ ဖန်ခါးဇင်ရွာနှင့် ချောင်းရိုးရွာ၌ ညအိပ် တပ်စွဲနေသော အကြမ်းဖက် စစ်တပ်၏ ခမရ-၃၆၁ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး ပူးပေါင်း အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ Fixed Wings Drone ၂ စီးဖြင့် ဗုံးသီး ၆ လုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ စစ်ခွေးသေစာရင်းတော့ မသိရဘူး။ ဒါပေမယ့် တိုက်ခိုက်မှုက တိကျတယ်လို့ ပြောလို့ရမယ်။ တိကျတဲ့အတွက် စစ်ခွေး ထိခိုက်မှုရှိနိုင်တဲ့အတွက် သူတို့ ချောင်းရိုးရွာကို မီးထပ်ရှို့တယ်။ ကျွန်တော်တို့ ဒရုန်းနဲ့ တိုက်ခိုက်ပြီးတဲ့အချိန် မီးထပ်ရှို့တာတွေ့ရတယ်။ ကျွန်တော်တို့ ရဲဘော် တချို့ လိုက်ပစ်ခံရတာရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ သတင်းအတိအကျတော့ မရသေးဘူး။ စစ်ခွေးတွေကတော့ မနေ့က ရွာမှာပဲရှိသေးတယ်။ ဆက်ပြီးမရွေ့သေးဘူး” ဟု ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article