31 C
Yangon

မုံရွာ -အရာတော် လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို ပစ်ခတ်မှု စစ်သား ၃ ဦး သေဆုံး၊ မြင်းခြံမြို့နယ်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မုံရွာ -အရာတော် လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို ပစ်ခတ်မှု စစ်သား ၃ ဦး သေဆုံး၊ မြင်းခြံမြို့နယ်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံရွာ – အရာတော်လမ်းမပေါ် ပင်လုံဆီဆိုင်အနီးတွင် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

မတ်လ ၂၂ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မုံရွာ – အရာတော်လမ်းပိုင်းရှိ ကျွန်းဖိုပင် ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများနှင့် ကမ်းဖြူကျေးရွာတွင် တပ်စွဲထားသော စစ်သားများ လိုက်ပါလာသည့် ၆ ဘီးကား ၁ စီးနှင့် လိုက်ထရပ်ကား ၁ စီးကို ပင်လုံ ဆီဆိုင်အနီး အရောက် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ကိုက် ၅၀ ခန့်အကွာအဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အနီးကပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကား ၁ စီး ပျက်စီးပြီး အောင်မင်္ဂလာရပ်ကွက် အရောက်ရပ်တန့်သွားခဲ့ရာ ကားပေါ်၌ သေဆုံးသူ စစ်သား ၃ ဦးကို သံပြားကာ ကားဖြင့် သစ်ကိုင်းများ အုပ်ပြီး အရာတော် သုဿန်ကို သယ်ဆောင်သွားကြောင်း၊ ဒဏ်ရာ ရရှိသော စစ်သား ၅ ဦးကို အရာတော် ဆေးရုံ ကြီးကို ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ မုံရွာခရိုင်တပ်ရင်း ၆ ၊ မုံရွာခရိုင်တပ်ရင်း ၂၄ ၊ လင်း ယုန်တပ်ဖွဲ့ ၊ မုံရွာခရိုင်ပကဖ နှင့် Special Revolution Force တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာ၌ တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်သားများကို ဒရုန်း ဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း မြင်းခြံ ခရိုင်အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၂၄ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာ ဘုန်းကြီး ကျောင်း၌ တပ်စွဲကာ အခြေချနေထိုင်သော စစ်သားများကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NDRF တပ်ဖွဲ့က ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထို့သို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် မြင်းခြံမြို့မှ စစ်ကား ၁ စီး လေးရွာဆုံရွာကို ရောက်ရှိလာကာ ပြည်သူ့ပိုင် ကားများကို ယူဆောင်ပြီး ဒဏ်ရာရ စစ်သားများကို မြင်းခြံမြို့ပေါ် သယ်ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article