25 C
Yangon

မိုးမောက်မြို့နယ်၊ ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်ရှိ စစ်စခန်း ၇ ခုကို KIA က တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

Must read

ရန်ကုန်၊ မတ် ၂၇

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၇ ခုကို KIA က တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ကာ ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်တွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ စခန်း ၇ ခု ကို KIA ပူးပေါင်းတပ်ဖွဲ့များ တပြိုင်တည် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီမနက် ၇ နာရီခန့်က စပြီး ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်တပ်ရဲ့ စခန်း ၇ ခု ကို KIA ပူးပေါင်းတပ်ဖွဲ့တွေက တစ်ချိန်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ မနက်ကတော့ လေယာဉ်နဲ့ ဗုံးလာကျဲတယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့က မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၈၇ ၊ ခမရ ၃၂၀ တပ်ရင်းစခန်း ၂ ခုနှင့် ကုန်းလော တာဝါတိုင်ကုန်း ၊ လုံဂျာဘွမ် ဆုတောင်း တောင်စခန်း တို့ကိုလည်း KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဗန်းမော်-လွယ်ဂျယ် #KIA က တပြိုင်တည်း ထိုးစစ်ဆင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article