38 C
Yangon

ထားဝယ်မြို့နယ်နှင့် ချောင်းဦးမြို့နယ်တွင် လုံခြုံရေးယူနေသော စစ်သားများနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ထားဝယ်မြို့နယ်နှင့် ချောင်းဦးမြို့နယ်တွင် လုံခြုံရေးယူနေသော စစ်သားများနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၇

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအနီးတွင် လုံခြုံရေးယူနေသော အကြမ်းဖက် စစ်သားများကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Ye Phyu People Defence Force – YPPDF တပ်ဖွဲ့မှ ထံမှ သိရသည်။

ယနေ့ မတ်လ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ အမတ ၃၀၂ တပ်ရင်း ဇဟာအမြောက်တပ်မှ အကြမ်းဖက် စစ်သားများသည် တပ်မတော်နေ့ အခမ်းအနား လုံခြုံရေးအတွက် ဇဟာကျေးရွာလမ်းမကြီးအား ပိတ်ဆို့ပြီး ကင်းယူနေစဉ် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အချို့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF နှင့် ဗထူးတပ်မတော် -BHA တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်မြင့် တိုက်ခိုက်လျက်ရှိရာ ပြည်သူများအနေဖြင့် စစ်ရေးအထူး သတိပြု သွားလာ နေထိုင်ကြပါရန် တိုက်တွန်းထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုကို စနိုက်ပါဖြင့် လေ့ကျင့်ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦး PDF တပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၂၆ ရက်နေ့က ချောင်းဦးမြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုအနီးသို့ သွားရောက်ပြီး လမ်း လျှောက်ထွက်လာသော အကြမ်းဖက်စစ်သား ၂ ဦးကို CHUPDF Sniper Team မှ ရဲဘော်များက လေ့ကျင့်ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦးထိမှန်သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article