37 C
Yangon

စလင်းမြို့နယ်တွင် ပြည်သူများ၏ တိုင်ကြားချက်အရ စစ်မှုထမ်းရန် စည်းရုံး လှုံ့ဆော်နေသည့် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

Must read

စလင်းမြို့နယ်တွင် ပြည်သူများ၏ တိုင်ကြားချက်အရ စစ်မှုထမ်းရန် စည်းရုံး လှုံ့ဆော်နေသည့် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ မတ် ၂၈

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ပြည်သူများ၏ တိုင်ကြားချက်အရ စစ်မှုထမ်းရန် စည်းရုံး လှုံ့ဆော်နေသည့် ပျူစောထီး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ ကျွဲခြံရွာမှ ပျူစောထီး မြင့်အောင် ဆိုသူသည် လူငယ်များ စစ်မှုထမ်းရန်နှင့် ပျူသင်တန်းများ အတွက် ကျွဲခြံအုပ်စုအတွင်း စည်းရုံးရေးဆင်းနေပြီး ပြည်သူများအပေါ် ဂုတ်သွေးစုပ် အနိုင်ကျင့်နေသည်ဟု ပြည်သူများ၏တိုင်ကြားချက်အရ စလင်းမြို့နယ် ပကဖ က အနီးကပ် စောင့်ကြည့်မှုများ ပြလုပ်နေစဉ် ပိုမိုဆိုးဝါးလာသောကြောင့် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

“သူက အဓိက ကတော့ ရွာထဲမှာ စစ်မှူထမ်း ဥပဒေအတွက် လှည့်ပတ် ဆောင်ရွက်ပေးတာ ပျူသင်တန်းထိပါ စည်းရုံး လှုံ့ဆော်ပေးသူပါ၊ ကျွဲခြံက အရင်ကတည်းက နာမည်ကြီးပါ စစ်မှုထမ်းဥပဒေ မတိုင်ခင်ကတည်းက ပျူသင်တန်းဆင်းပြီးသားရွာပါ။ ပျူစောထီး လို့တော့ ပြည်သူတွေက တိုင်းကြားထားပေမဲ့ လက်နက် ပစ္စည်းသိမ်းဆည်းရရှိခဲ့ခြင်းမရှိပါဘူး။ ဖုန်းထဲမှာတော့ နေပြည်တော်စကစ နဲ့ ချိတ်ဆက်မှုတွေ ခေါင်းကြီးပိုင်းတွေနဲ့ချိတ်ဆက်ထားတာတွေတွေ့ရှိရပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော ပျူစောထီး မြင့်အောင်ထံမှ သိမ်းဆည်းရရှိသော ဖုန်းထဲတွင် နေပြည်တော်စစ်တပ် အသိုင်းအဝိုင်း ချိတ်ဆက်မှုများနှင့် စစ်ကောင်စီ လုပ်ရပ်များကို အားပေးအားမြှောက် လုပ်နေသည့် သက်သေများလည်းရရှိခဲ့ကြောင်း၊ ဆက်လက်ပြီး စစ်ကောင်စီ​၏ မလျော်ကန်သည့် ယန္တရားတွင် ဝင်ရောက်ပါဝင် ပတ်သတ်နေသူများလည်း အမှတ်စဉ်များ တပ်ထားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံ သတိပေး ထုတ်ပြန်ထားသည်။

“စစ်မှူထမ်းဥပဒေနဲ့ပတ်သတ်ပြီး အုပ်ကြီးဆွေမျိုးတွေဆိုချန်လှပ်ပြီး ကျန်တဲ့ ပြည်သူတွေ မိသားစုဝင်တွေကို အာဏာလက်တစ်လုံးခြား ထည့်သွင်းနေတာတွေလည်း တိုင်စာတွေ တောက်လျှောက်လက်ခံရရှိနေပါတယ်။ ဒီလိုမျိုး ကိုယ်ကိုကိုယ်တိုင် စစ်ကောင်စီကို အားပေးအားမြှောက်ပြုနေရဲ့နဲ့ ကိုယ့်မိသားစု ကိုယ်ဆွေမျိုးထိမှာတော့ ကြောက်လန့်နေကြတဲ့ ကောင်တွေကိုလဲ သတင်းအတိအကျရပြီးသားမို့ အနှေးနဲ့အမြန် ရှင်းလင်းမှုလုပ်သွားမှာပါ” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article