33 C
Yangon

ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းမှ အရပ်ဝတ်ဖြင့် နယ်မြေစုံစမ်းရန် မူးပြီး ထွက်လာသည့် စစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက်ကို အရှင်ဖမ်းမိ

Must read

ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းမှ အရပ်ဝတ်ဖြင့် နယ်မြေစုံစမ်းရန် မူးပြီး ထွက်လာသည့် စစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက်ကို အရှင်ဖမ်းမိ

ရန်ကုန်၊ မတ် ၂၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းမှ အရပ်ဝတ်ဖြင့် နယ်မြေစုံစမ်းရန် မူးပြီး ထွက်လာသည့် စစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၁၉ (Pale Joker PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့တွင် ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက် သည် အရပ်ဝတ်ဖြင့် နယ်မြေ စုံစမ်းရန် မူးပြီးထွက်လာစဉ် ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၁၉ (Pale Joker PDF) မှ တော်လှန်ရေး ရဲဘော်များက ရဲစခန်းအနီးတွင် ကင်းပုန်းဝတ်ပြီး အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းကြောင်း သိရသည်။

“သူ့စခန်းရဲ့ ရှေ့ဘက်မှ မိတာပါ။ သူကနယ်မြေစုံစမ်းဖို့ ထွက်လာတော့ သူက အရင်လည်း ထွက်နေကျပေါ့။ ပြီးခဲ့ရက်က မိုင်းဆွဲထားတာ သူတို့ ကားနဲ့ ထွက်လာလို့ မိုင်းဆွဲထားတာ ၃ ကောင်ထိထားသေးတယ်။ သူအဲလို ထွက်နေတယ်ဆိုတာ သိတော့ ကျွန်တော်တို့က ကင်းပုန်းချပြီးစောင့်ပြီးတော့ ဖမ်းလိုက်တာပေါ့။ သူထွက်လာတုန်းကတော့ မူးနေတာ နောက်မှ သူဖမ်းခံရတယ်ဆိုတာသိတာ ကျွန်တော်တို့က NUG ၊ MOD ရဲ့ တပ်ရင်းဖြစ်တဲ့အတွက် NUG ၊ MOD ရဲ့မူဝါဒအတိုင်း ထိန်းသိမ်းထားမှာပါ။ ဖက်ဆစ် တော်လှန်ရေးနေ့မှ စစ်ကြောင်းမှူး တစ်ကောင်ကို ဖမ်းပြီးတော့ ပြည်သူကို သတင်းကောင်းပါးလိုက်ပါတယ်” ဟုယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၁၉ (Pale Joker PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article