39 C
Yangon

ညောင်ရွှေနှင့် ပင်လောင်း မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ မီးလောင်ဗုံးများဖြင့် ကျဲချ ပစ်ခတ်မှု နေအိမ်များ ပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ညောင်ရွှေနှင့် ပင်လောင်း မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ မီးလောင်ဗုံးများဖြင့် ကျဲချ ပစ်ခတ်မှု နေအိမ်များ ပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ယမန်နေ့ မတ်လ ၂၇ ရက်နေ့က ညောင်ရွှေမြို့နယ်၊ ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အလုံး ၂၀ ကျော် ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေပြီး ပြည်သူအချို့မှာ ကျေးရွာအတွင်း ပိတ်မိနေခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း ပင်လောင်းမြို့နယ်၊ နမ့်တုတ်ကျေးရွာ အနီး၌ အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးလောင်ဗုံးကျဲချ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ နေအိမ် အများအပြား မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စက်လှေဆိပ်တွင်ရပ်နားထားသည့် ပြည်သူပိုင် ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ ယမန်နေ့ မတ်လ ၂၇ ရက်နေ့က ဆီဆိုင်မြို့ပေါ်ကိုလည်း လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article