37 C
Yangon

Breaking News- ဖာပွန်မြို့ကို KNLA ၊ PDF အပါအဝင် တော်လှန်ရေး မဟာ မိတ်တပ်များက အပြီး သိမ်းယူလိုက်ပြီး မြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံး၀ မရှိတော့

Must read

Breaking News- ဖာပွန်မြို့ကို KNLA ၊ PDF အပါအဝင် တော်လှန်ရေး မဟာ မိတ်တပ်များက အပြီး သိမ်းယူလိုက်ပြီး မြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံး၀ မရှိတော့

ရန်ကုန်၊ မတ် ၂၈

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်မြို့ကို KNLA ၊ PDF အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်များက ယနေ့ ထိန်းချုပ်လိုက်ပြီး မြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံး၀ မရှိတော့ကြောင်း မြေပြင် တော် လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“KNLA / PDF ပူးပေါင်းတပ်ဖွဲ့တွေ ဖာပွန်မြို့ကို ထိန်းချုပ်လိုက်ပါပြီ။ ဖာပွန်မြို့ထဲ စကစ လုံးဝမရှိတော့ပါဘူး။

ဒီတစ်ခါ ထိမ်းယုံတင်မဟုတ် အပြီးသိမ်းတာပါ။ မြို့နယ်ထဲမှာတော့ ဆက်ပြီး သိမ်းရမယ့် တပ်စခန်းတချို့လည်းရှိနေသေးတယ်။ ” ဟု မြေပြင် တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ကရင်ပြည်နယ် ဖာပွန်မြို့တောင်ဘက်ရှိ အကြမ်းဖက်စစ်တပ်၏ စစ်ဗျူဟာအခြေချ စဗခ(၁)ရတခ လက် အောက်ခံတပ်ရင်းစခန်းများ အားလုံး တည်ရှိ ကူးလူးသွားလာရာလမ်းများကို KNU တပ်မဟာ ၅ နှင့် တော် လှန်ရေးတပ်များအားလုံးက ဝိုင်းဝန်း ပိတ်ဆို့ဖြတ်တောက်ထားကြောင်း KNU တပ်မဟာ ၅ က မတ်လ ၂၄ ရက်နေ့တွင် ကြေညာခဲ့သည်။

မတ်လ ၁၉ ရက်နေ့မှ စတင်ကာ အကြမ်းဖက်စစ်တပ်၏ စဗခ(၁)ရတခ လက်အောက်ခံတပ်ရင်းစခန်းများ တည်ရှိသည့် မယ်တရိုး၊ ဝေနောင်၊ တံခွန်တိုင်နှင့် ဝေဆာ၏ ကူးလူးဆက်သွယ်ရေးလမ်းများအားလုံးကို ပိတ်ဆို့ ဖြတ်တောက်လိုက်ခြင်း ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်မှုသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဗဟိုဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည့် ကရင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ နယ်မြေချဲ့ထွင်စိုးမိုးမှုအားလုံးပြန်လည် ရုပ်သိမ်းရန်နှင့် ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုက်ခိုက်မောင်းထုတ်ရမည် ဆိုသည့် ထုတ်ပြန်စာအရ နောက်ဆက်တွဲအရေးယူဆောင်ရွက်မှုပင် ဖြစ် ကြောင်း KNU က ကြေညာခဲ့ပြီးနောက် ဖာပွန်မြို့ကို သိမ်းယူလိုက်ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article