39 C
Yangon

မြင်းခြံနှင့် နွားထိုးကြီး မြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

မြင်းခြံနှင့် နွားထိုးကြီး မြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းနှင့် ကျောက်ကန်ပျူစောထီးကျေးရွာတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၇ ရက် နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို Shar Htoo Waw နည်းပညာ Fixed Wings Drone များဖြင့် ၁၃၀၀ ဂရမ်အလေးချိန်ရှိ မိုင်းဗုံးသီး ၃ လုံး၊ ၆၀၀ ဂရမ် အလေးချိန်ရှိ မိုင်း ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး အပြင်း အထန်ဒဏ်ရာရရှိပြီး မန္တလေးဆေးရုံသို့ နာရေးကားဖြင့် သယ်ဆောင်သွားပြီး ဆေးကုသနေစဉ် သေ ဆုံးသွားကြောင်း သိရသည်။

“ထိချက်က တော်တော်ကောင်းပြီး ၄ ကောင် အပြင်းအထန်ဒဏ်ရာရတာ၊ အဲဒီ ဒဏ်ရာရတဲ့သူ တွေကို ကားနဲ့တခါတည်းတင်သွားတယ်လို့ မနေ့က သတင်းရတာပေါ့၊မန္တလေးဘက်ကို တင်သွား တာ၊ အခုကတော့ ၄ ကောင်လုံး ရှောသွားပြီလို့ သတင်းထပ်ရတယ်၊ ကျောက်ကန်ရွာမှာလည်း နာရေးကားတစ်စီးဝင်သွားတယ်လို့ သတင်းရတယ်၊ ကျန်တဲ့အပိုင်းကတော့ သိပ်မသိရဘူး၊ ပျူရွာလို့ ဖြစ်နေတော့၊သူတို့က စိုးမိုးထားတာဆိုတာ့” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် ညနေ ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစော ထီး များကို Fixed Wings Drone များဖြင့် ၆၀၀ ဂရမ်အလေးချိန်ရှိ ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံနှင့် ရွှေခြံသာပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ပြန်လည် ပစ်ခတ်မှု ရှိခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ဆောက်လုပ်ရေးရုံးနှင့် စစ်တပ်အထိုင်စခန်းတစ်ခု ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုရှိ ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုး ကြီး PDF ထံမှ သိရသည်။

မတ်လ ၂၆ ရက် ညနေ ၄ နာရီခွဲခန့်က နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ဆောက်လုပ်ရေးရုံးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖက်ဆစ်တော်လှန်ရေးနေ့အကြိုအဖြစ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ကိုစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ မတ်လ ၂၇ ရက် နံနက် ၉ နာရီခန့်က နွားထိုးကြီးမြို့ အရှေ့ဘက်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းတစ်ခုကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သားအများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း – နွားထိုးကြီး PDF ၊ နွားထိုးကြိးမြို့နယ် (ပ က ဖ) နှင့် မြင်းခြံမြို့နယ် (ပ က ဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article