30 C
Yangon

တနင်္သာရီမြို့နယ်ရှိ စစ်တပ်၏ သိန္ဒောစခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

တနင်္သာရီမြို့နယ်ရှိ စစ်တပ်၏ သိန္ဒောစခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ မတ် ၂၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သိန္ဒောစခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်‌ကြောင်း – ၁ က ထုတ်ပြန်ထားသည်။

မတ်လ ၂၅ ရက်နေ့တွင် တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သိန္ဒောရွာစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၁ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သားသည် MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၅၄၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ အီနာဂါ ၂ လုံး တို့ ယူဆောင်လာခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အလင်းဝင်လာသော စစ်ကောင်စီ တပ်သားကို လုံခြုံသည့် နေရာ၌ ကောင်းမွန်စွာ ထားရှိပြီး CDM မူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်‌ကြောင်း – ၁ သည် မြိတ်ခရိုင်တပ်ရင်း၂၊ တပ်ခွဲ ၁၊ဘက်မလိုက်ပြောက်ကျားအဖွဲ့၊တောင်ပိုင်းသူရဲကောင်းအဖွဲ့(SWDF) နှင့်မြိတ်မြို့နယ် (ပကဖ) တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article