25 C
Yangon

မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာအဝင်၊ ကားလမ်းမကြီးဘေး အုပ်ချုပ်ရေးမှူးအိမ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ပလုံကောက်သူ ၃ ဦးသေဆုံး

Must read

မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာအဝင်၊ ကားလမ်းမကြီးဘေး အုပ်ချုပ်ရေးမှူးအိမ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ပလုံကောက်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃၀

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာအဝင်၊ အုပ်ချုပ်ရေးမှူးအိမ်အနီးတွင် ဗုံးပေါက်ကွဲခဲ့ပြီး ပလုံကောက်သူ ကလေးငယ် ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မတ်လ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၅၆ မိနစ်အချိန် မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာအဝင်၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်ဌေး၏ နေအိမ် အနီးတွင် အထုပ်တစ်ထုပ် ချထားခဲ့ခြင်းဖြစ်ပြီး ယင်းအထုပ်ကို ပလုံကောက်သူ ၃ ဦးကသွားရောက် ဖွင့်ကြည့်ကြရာမှာ ဗုံးပေါက်ကွဲ၍ ၃ ဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သေဆုံးတာကတော့ မှော်ဘီမြိုနယ်ဘမြောင်းတကာ စက်မူဇုန်ထဲက ပလုံကောက်သူတွေပါ။ ကလေးနှစ်ဦး လူကြီးတစ်ဦး။ ကုလားကုန်း ကျေးရွာ အုပ်ကြီးအိမ်အနီးဗုံးပေါက်တာပါ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာအုပ်စုရှိ နေအိမ်များနှင့် ကျေးရွာများကို စစ်တပ်က အတင်းအကျပ် ဖယ်ရှားမှုများ ယခုရက်ပိုင်းအတွင်း လုပ်ဆောင်လာပြီးနောက် ယနေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသပြည်သူတချို့က ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article