25 C
Yangon

လွယ်ဂျယ်တွင် တစ်ခုတည်း ကျန်ရှိသော စိန်လုံတောင်ဗျူဟာစခန်းကို KIA က တိုက်ခိုက်နေပြီး ယင်းစခန်းအနီးရှိ ကာကင်းစခန်း ၃ ခုကို သိမ်းပိုက်ရရှိ

Must read

လွယ်ဂျယ်တွင် တစ်ခုတည်း ကျန်ရှိသော စိန်လုံတောင်ဗျူဟာစခန်းကို KIA က တိုက်ခိုက်နေပြီး ယင်းစခန်းအနီးရှိ ကာကင်းစခန်း ၃ ခုကို သိမ်းပိုက်ရရှိ

ရန်ကုန်၊ မတ် ၃၀

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-လွယ်ဂျယ်လမ်း၊ လွယ်ဂျယ်မြို့အနီးတွင် တစ်ခုတည်း ကျန်ရှိနေသော စိန်လုံတောင် ဗျူဟာ စစ်တပ်စခန်းကို KIA က စတင်တိုက်ခိုက်နေပြီး ယင်းစခန်းအနီးရှိ ကာကင်းစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ မှစတင်၍ စိန်လုံတောင်စခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက တိုက်ခိုက်လျက်ရှိရာ ကာကင်းစခန်းများကို သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

“သူဘွန်းတောင် ၊ လွယ်ယိန်းတောင်၊ တိန်ရောင့်ဘွမ် အဲဒီတောင် ၃ ခုမှာရှိတဲ့ စခန်း ၃ ခုကို သိမ်းလို့ရတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

မတ်လ ၇ ရက်နေ့ KIA ၏ စစ်ဆင်ရေး စတင်သော နေ့ရက်မှစတင်ပြီး လက်ရှိ ၂၃ ရက်တာကာလအတွင်း ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်း ၅၀ ကျော်ကို KIA ဦးဆောင်သော မဟာမိတ်တပ်များက တိုက်ခိုက် သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လွယ်ဂျယ်အနီးရှိ KIA တိုက်ခိုက်သိမ်းပိုက်ထားသော စစ်တပ်စခန်းများမှ လက်နက်ခဲယမ်းအမြောက်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article