25 C
Yangon

မန်နောင်တိုက်ပွဲတွင် တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦး သေဆုံးဟု KIA သတင်းရင်းမြစ်အတည်ပြု

Must read

မန်နောင်တိုက်ပွဲတွင် တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦး သေဆုံးဟု KIA သတင်းရင်းမြစ်အတည်ပြု

■ ဗိုလ်မှူးချုပ်မင်းထွဋ်ဦးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး မင်းအောင်လှိုင်က ဂုဏ်ထူး ဆောင်စစ်မှုထမ်းကောင်း တံဆိပ် ပေးအပ်ထားသူဖြစ်

ရန်ကုန်၊ မတ် ၃၁

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ကုန်းလောရွာ အနီး မန်နောင်ရွာပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦး သေဆုံးသွားကြောင်း KIA သတင်းရင်းမြစ်အတည်ပြုပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် KIAနှင့်KPDFပူးပေါင်းတပ်ဖွဲ့နှင့် ခယာဘွမ်၊ ဘွမ်ရယ်ဘွမ်စခန်းမှ ထွက်ပြေးလာကြသော တပ်မ ၈၈ စစ်ကြောင်းများ တိုက်ပွဲဖြစ်ပွားစဉ် အမှတ် ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထွက်ပြေးလာသော တပ်မ ၈၈ စစ်ကြောင်းများသည် မန်နောင်ကျေးရွာနှင့် အခြားကျေးရွာများတွင် တပ်စွဲနေခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံးတာတော့ တပ်ဘက်သတင်းရင်းမြစ်တွေကလည်း အတည် ပြုတယ်။ မန်နောင်တိုက်ပွဲမှာ သေတာ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဗိုလ်မှူးချုပ်မင်းထွဋ်ဦးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်စာ ၅/၂၀၂၄ ဖြင့် စစ်မှုထမ်းကောင်း တံဆိပ် ပေးအပ်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article