29 C
Yangon

မကွေးမြို့၊ ဂွေးတောက်စမ်းရွာအနီး နေပြည်တော် စစ်ရေးပြပွဲမှ ပြန်လာသည့် စစ်ကား ၁ စီး တိမ်းမှောက်၍ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြား

Must read

မကွေးမြို့၊ ဂွေးတောက်စမ်းရွာအနီး နေပြည်တော် စစ်ရေးပြပွဲမှ ပြန်လာသည့် စစ်ကား ၁ စီး တိမ်းမှောက်၍ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြား

ရန်ကုန်၊ မတ် ၃၁

မကွေးတိုင်း၊ မကွေးမြို့၊ ဂွေးတောက်စမ်းရွာအနီး နေပြည်တော် စစ်ရေးပြပွဲမှ ပြန်လာသည့် စစ်ကား ၁ စီး တိမ်းမှောက်၍ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နေပြည်တော် စစ်ရေးပြပွဲမှ ပြန်လာသည့် စစ်ကား ၁ စီးသည် မကွေးမြို့၊ ဂွေးတောက်စမ်းရွာအနီးတွင် တိမ်းမှောက်ပြီး စစ်သား ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

“နေပြည်တော် စစ်ရေးပြက ပြန်လာသော စစ်ခွေးကား ၁ စီး မကွေးမြို့အနီး ဂွေးတောက်စမ်းရွာအနီးမှာ ၃၀ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်မှာ တိမ်းမှောက်ခဲ့တယ်။ စစ်ခွေး ၃ ကောင်ပွဲချင်းပြီးသေပြီး ဆေးရုံအရောက်မှာ ၂ ကောင် ထပ်သေတယ်။ ဒဏ်ရာရရှိသူလည်းများတယ်လို့သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မကွေးမြို့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ဝါဂွမ်းတပ်မှဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာရရှိထားသူများကို မကွေးမြို့ ခုတင် ၁၀၀ ဆေးရုံ၌ တင်ဆောင်ထားပြီး ဂွေးတောက်စမ်းရွာအနီးတွင် စစ်တပ်က တပ်စွဲထားကြောင်း သိရသည်။

Photo – ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က မော်လမြိုင် တံတားပေါ်၌ တိမ်းမှောက်သွားသော စစ်ကား ၁ စီးအားတွေ့ရစဥ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article