29.6 C
Yangon

မင်းအောင်လှိုင်သား၏ စီးပွားရေးတာဝန်ခံ ကားပေါ်တွင် ဗုံးခွဲခံရပြီးနောက် တောင်ဥက္ကလာ Transporter Bar မှ ဝန်ထမ်းများက တုတ်ဓားများကိုင်ဆောင်ပြီး အငှားယာဉ်မောင်းများကို စစ်ဆေးရိုက်နှက်မှု ဖြစ်ပွား

Must read

မင်းအောင်လှိုင်သား၏ စီးပွားရေးတာဝန်ခံ ကားပေါ်တွင် ဗုံးခွဲခံရပြီးနောက် တောင်ဥက္ကလာ Transporter Bar မှ ဝန်ထမ်းများက တုတ်ဓားများကိုင်ဆောင်ပြီး အငှားယာဉ်မောင်းများကို စစ်ဆေးရိုက်နှက်မှု ဖြစ်ပွား

ရန်ကုန်၊ မတ် ၃၁

အကြမ်းဖက် မင်းအောင်လှိုင်သား၏ စီးပွားရေးတာဝန်ခံ ကားပေါ်တွင် ဗုံးခွဲခံရပြီးနောက် တောင်ဥက္ကလာ Transporter Bar မှ ဝန်ထမ်းများက တုတ်ဓားများကိုင်ဆောင်ပြီး အငှားယာဉ်မောင်းများကို စစ်ဆေးရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မတ်လ ၃၀ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ရန်ကင်းမြိုနယ်၊ ဘောက်ထော်ဘူတာရုံလမ်းရှိ The Yard Barအနီးတွင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One Construction ကုမ္ပဏီတာဝန်ခံ နေဇော်မြင့် ကားပေါ်အတက်တွင် အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းပေါက်ကွဲပြီးနောက် ဆေးရုံကားနှင့် စစ်ကားများ ရောက်ရှိလာခဲ့ကြောင်း၊ ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် တောင်ဥက္ကလာပမြို့နယ် Transporter Bar မှ ဝန်ထမ်းများက ဝေယန္တရာကားလမ်းပေါ်တက်၍ တက္ကစီယာဉ်များကို စစ်ဆေးခြင်းနှင့် ရိုက်နှက်မှုများ ကျူးလွန်ခြင်းဖြစ်ကြောင်း၊ အဆိုပါ Transporter Bar မှာ စစ်ကောင်စီဘက်တော်သားတစ်ဦး ပိုင်ဆိုင်သော ဘားဖြစ်ကြောင်း သိရှိရသည်။

“ဖြစ်တာက ရန်ကင်းဘားအနီးမှာ ဗုံးကွဲတာ။ အဲဒါကို တောင်ဥက္ကလာ Transporter Bar က ဝန်ထမ်းတွေက မတ်လ ၃၀ ရက်နေ့ည ၁၁ နာရီအချိန်မှာ လမ်းပေါ်က အငှားကားတွေကို တားစစ်ပြီး Taxi ယာဥ်မောင်းတွေကို သူတို့ကို မချေမငံပြောရင် ရိုက်နှက်တယ်။ Bar မှာ ရှိတဲ့ လုံခြုံရေး ဝိတ်တာ အယောက် ၄၀ ခန့်လောက် တုတ် ဓား ကိုင် ပြီး ကားသမားတွေကို ဝိုင်းဝန်း ရိုက်နှက်တာ။ Taxi ကားဆရာ​တွေကို အကြမ်းဖက် ရိုက်နှက်တယ်။ ကားမှန်တွေ ရိုက်ခွဲတယ်” ဟု တက္ကစီ အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။

တောင်ဥက္ကလာပမြို့နယ်မှ ဒေသပြည်သူတချို့ကလည်း Transporter Bar က ညအချိန်မတော် ဆူညံမှုများ လုပ်ဆောင်သည့်အပြင် ယင်းကဲ့သို့ စိတ်မထင်လျှင် ရမ်းကားမှုများကို မကြာခဏ ဆိုသလို ပြုလုပ်နေသည့် ဘားတစ်ခုဖြစ်ကြောင်း၊ ယမန်နေ့ ညဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆူညံအုပ်စုဖွဲ့ ရမ်းကားမှုများ ဖြစ်ပွားခဲ့ကြောင်း ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article