22 C
Yangon

ကောလင်းမြို့နယ်တွင် ရွာများကို မီးရှို့ပြီး ဘုန်းကြီးကျောင်းနှင့် စာသင် ကျောင်းတို့တွင် တပ်စွဲထားသော စစ်တပ် စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်း၊ ကျောက္ကာ၊ မင်းကုန်း၊ ဖန်းခါးကုန်းရွာတို့ကို မီးရှို့ပြီး ဘုန်းကြီး ကျောင်းနှင့် စာသင်ကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းနှင့် ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့မတ်လ ၃၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့် ကောလင်းမြို့နယ်၊ အနောက်ခြမ်း၊ ကျောက္ကာကျေး၊ မင်းကုန်းကျေးနှင့် ဖန်းခါးကုန်းရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ဘုန်း ကြီးကျောင်းနှင့် စာသင် ကျောင်းတို့တွင် တပ်စွဲထားကာ ခုခံစစ်အတွက် အခိုင်အမာ ပြင်ဆင်ထားသော အကြမ်းဖက် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲသည် မွန်းလွဲ ၁ နာရီ ကျော် အချိန်အထိ ကြာမြင့်ခဲ့ပြီး စစ်သား၂၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“တိုက်ပွဲကတော့ မနက် ၅ နာရီမထိုးခင်ကတည်းက စတာ၊ အကြီးအကျယ်ပဲ၊ ညနေပိုင်း အထိတောင် လက် နက်ကြီးတွေနဲ့ ကြိုကြား၊ ကြိုကြားပစ်ခတ်သေးတယ်၊ အခုဖြစ်တာက ကောလင်း မြို့အနောက်ဘက် မြို့ပြင်နေရာကျတော့၊ ရွာလေးတွေက အနီးမဝေးလေးတွေမှာရှိတာ၊အဲဒီရွာတွေ ကို စစ်ခွေးတွေက နေအိမ်တွေ မီးရှို့ထားလို့ ပြည်သူတွေလည်း ရွာထဲမှာ မရှိဘူး၊ စစ်ခွေးတွေပဲရှိတာ ” ဒေသသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကောလင်းခရိုင် အမှတ် ၂ တပ်ရင်း ၊ ကန့်ဘလူခရိုင် အမှတ် ၁ တပ်ရင်း၊ ခရိုင် ပကဖ ၊ကောလင်း ဇုန် ၃ ၊ကောလင်းဇုန် ၅ ၊ကောလင်းဇုန်၊ ၆ ပကဖ လက်နက်ကြီးအဖွဲ့နှင့် ယင်းမာပင်မြို့ နယ်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ဒဏ်ရာရရှိ ကာ ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ က ထုတ်ပြန်သည်။

ဓာတ်ပုံ – PDF တပ်များ သိမ်းပိုက်ခဲ့သော ကောလင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကောလင်းမြို့နယ် #ရွာများကို မီးရှို့ #ဘုန်းကြီးကျောင်းနှင့် စာသင် ကျောင်းတို့တွင် တပ်စွဲ

PDF တပ်များ သိမ်းပိုက်ခဲ့သော ကောလင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article