ပုလဲမြို့နယ်တွင် တော်လှန်ရေးရုပ်ရှင်ပြသခြင်းနှင့် နိုင်ငံရေးတရားများဟောပြောပွဲပြုလုပ်
ရန်ကုန်၊ ဧပြီ ၁
ပုလဲမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသောတောင်ပေါ်ဒေသမှကျေးရွာများသို့ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီမှ လူထုနိုင်ငံရေးတရားများဟောပြောခြင်းနှင့် တော်လှန်ရုပ်ရှင်များပြသခဲ့ကြောင်းသိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ Wastern Chindwin Association(WCA) အမျိုးသမီးမဟာမိတ်အင်အားစု (WAB)နှင့် လက်ပံတောင်းတောင်ပင်မ သပိတ်တို့မှရဲဘော်များကလည်း ပူးပေါင်းဟောပြောမှုများပြုလုပ်ပြီး ဒေသခံပြည်သူလူထု၏ အသံများကိုနားထောင်ခဲ့ကြပြီးအပြန်အလှန်ဆွေးနွေးခြင်းများ၊ဖြေကြားခြင်းများကိုလည်းပြုလုပ်ခဲ့ကြကြောင်းသိရသည်။


