25 C
Yangon

မင်းတပ်မြို့နယ်၊ တိုက်နယ်၂ ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘာသာရေး အဆောက်အအုံနှင့် နေအိမ်များ ပျက်စီး

Must read

မင်းတပ်မြို့နယ်၊ တိုက်နယ်၂ ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘာသာရေး အဆောက်အအုံနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဧပြီ ၁

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်၂ ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘာသာရေး အဆောက်အအုံနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး – သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် မင်းတပ်၊ တိုက်နယ် ၂ ရှိ ကျေးရွာတစ်ခု အနီးကပ် ဗုံးသီး ၂ လုံး ကျဲချ၍ ကျေးရွာအနီးရှိ လူနေအိမ် ၁ လုံးနှင့် ဘာသာရေး အဆောက်အဦး တစ်ခု ထိခိုက် ပျက်စီးခဲ့ပြီး ကျေးရွာနေ ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့သည့် တိုက်နယ် ၂ နေရာ ဝန်းကျင်ကို ထပ်မံ၍ တိုက်လေယာဉ် ၃ စီး ဖြင့် ဆယ်ကြိမ်ထက်မနည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အပြင် ကျေးရွာများကို လေယာဉ်ပါ စက်သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွင် ဒေသနေ ပြည်သူများ တူးဖော်ပြင်ဆင်ထားသည့် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများနှင့် အခြားလုံခြုံသည့် နေရာများတွင် အချိန်မီ အကာအကွယ်ယူနိုင်ခဲ့၍ ထိခိုက်သေဆုံးသူ မရှိကြောင်း၊ သို့သော် ကျေးရွာရှိ လူနေအိမ်များ မီးလောင်ကျွမ်းမှုများရှိပြီး ဒေသနေ ပြည်သူများ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“ပျက်စီးဆုံးရှုံးမှု အရေအတွက် အတိအကျတော့ စာရင်း မရသေးဘူး။ နေအိမ် အများအပြား ပျက်စီးတယ်လို့ပဲ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ပျက်စီးထိခိုက်မှု အနည်းအများ ပေါ်လည်း မူတည်မှာပါ” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး – သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ ရေသွယ်ထားသော ရေပိုက်များ၊ အဆောက်အဦး အမျိုးမျိုးနှင့် ပြည်သူပိုင် ပစ္စည်းလည်း ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article