25 C
Yangon

အရာတော်မြို့နယ်တွင် တော်လှန်ရုပ်ရှင်ပြသခြင်းနှင့် မိုင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းများ၊ လေ ကြောင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းများ ဆွေးနွေးတင်ပြခြင်း ပြုလုပ်

Must read

အရာတော်မြို့နယ်တွင် တော်လှန်ရုပ်ရှင်ပြသခြင်းနှင့် မိုင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းများ၊ လေ ကြောင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းများ ဆွေးနွေးတင်ပြခြင်း ပြုလုပ်

ရန်ကုန်၊ဧပြီ ၁

အရာတော်မြို့နယ်တွင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ မိုင်းအန္တရယ်ကာကွယ်ရေးနည်းလမ်းများ၊လေကြောင်းအန္တရယ်ကာကွယ်ရေးနည်းလမ်းများ ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရုပ်ရှင်ပြပွဲတွင် ပြည်သူများကို နိက္ကမ ဇတ်လမ်းတိုနှင့် “The Way “ရုပ်ရှင်များကို ပြသခဲ့ပြီး “ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ကြ၊မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ဘန်နာစာသားများချိတ်ဆွဲ၍ ပြည်သူလူထုအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ မတရားစစ်မှုထမ်းဥပဒေ နှင့်ပတ်သက်ပြီး ပြည်သူလူထုသို့ အရေးပေါ်တိုက်တွန်းနှိုးဆော်ချက်ကို ဖတ်ကြားပြခြင်း၊မိုင်း အန္တရယ်ကာကွယ်ရေးနည်းလမ်းများ၊လေကြောင်းအန္တရယ်ကာကွယ်ရေးနည်းလမ်းများဆွေးနွေးတင်ပြခြင်း၊လေကြောင်းအန္တရယ်အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊သပိတ်တရားများဟောကြားခြင်းများကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article