30 C
Yangon

ကလေးမြို့နယ်၊ သာယာဝတီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၉၀ ကျော်ပြာကျ၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးနေ

Must read

ကလေးမြို့နယ်၊ သာယာဝတီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၉၀ ကျော်ပြာကျ၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာယာဝတီရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၉၀ ကျော်ပြာကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၁၇ ရက်နေ့ကစ၍ အကြမ်းဖက် စစ်တပ်က သာယာဝတီကျေးရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် အားလုံးနီးပါး မီးလောင်ပြာကျကာ နေအိမ် ၅ လုံးနီးပါသာ ကျန်ရှိတော့ကြောင်း၊ သာယာဝတီကျေးရွာသည် ကလေးမြို့ နည်းပညာတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိပြီး နေအိမ် ၁၀၀ ခန့်ရှိသော ကျေးရွာဖြစ်ကြောင်း သိရှိရသည်။

“ရွာမှာက ဘယ်သူမှ မရှိဘူး။ နေအိမ် ၅ လုံးပဲ ကျန်တာလို့သိရတယ်။ သာယာဝတီက လက်လုပ်လက်စားတွေ အများစုနေတာ နေအိမ်က ၁၀၀ ကျော်ရုံရှိတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဧပြီလ ၃ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ရေမျက်နီကျေးရွာကို တောင်ဘက်၊ မြောက်ဘက် ညှပ်ပြီး အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်သည် နွေရာသီဖြစ်သောကြောင့် လေတိုက်ခတ်မှုနှင့် အပူချိန် များပြားမှုကြောင့် နေအိမ် ၃၀၀ ဝန်းကျင်ခန့် မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်းဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article