26 C
Yangon

ဘီးလင်းမြို့နယ်တွင် အတင်းအဓမ္မ စစ်သားစုဆောင်းရန် စာရင်း ကောက်ခံနေသည့် တောင်စွန်းရွာ အုပ်ချုပ်ရေးမှူးရုံး အကူ ကျော်ကျော် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ဘီးလင်းမြို့နယ်တွင် အတင်းအဓမ္မ စစ်သားစုဆောင်းရန် စာရင်း ကောက်ခံနေသည့် တောင်စွန်းရွာ အုပ်ချုပ်ရေးမှူးရုံး အကူ ကျော်ကျော် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အတင်းအဓမ္မ စစ်သားစုဆောင်းရန် စာရင်းကောက်ခံနေသည့် တောင်စွန်းရွာ အုပ်ချုပ်ရေးမှူးရုံး အကူ ကျော်ကျော် ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

ယနေ့ ဧပြီလ ၃ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအကူ ကျော်ကျော်ကို ဦးစန်းမောင်ဆီဆိုင်ရှေ့၌ ပစ်ခတ် တိုက်ခိုက်ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ကျော်ကျော်သည် တောင်စွန်း အုပ်ချုပ်ရေးမှူးထက် ပိုမိုအရေးပါကာ အကြမ်းဖက်စစ် ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်ရန် စစ်ကောင်စီက ကျင်းပသော အစည်းအဝေးများကို အုပ်ချုပ်ရေးမှူး ကိုယ်စား တက်ရောက်လေ့ရှိပြီး စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေကို တောင်စွန်း ဇုတ်သုတ် အစရှိသည့် ကျေးရွာများတွင် အဓိက အကောင်အထည် ဖော်နေသူဖြစ်ကြောင်း၊ စစ်မှုထမ်းရန်အတွက် လူငယ်များကို စာရင်းလိုက်လံ ကောက်ခံ စုဆောင်းပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ အာဏာ သက်ဆိုးရှည်စေရေး ထောက်ပံ့နေသဖြင့် ၎င်းကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF နှင့် ကျိုက်ထို ပကဖ တို့က ပူးပေါင်း ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ကျိုက်ထို တော်လှန်ရေး အင်အားစု KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့် ရှောက်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် ပြုလုပ်မည် မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article