30 C
Yangon

ပေါက်မြို့နယ်ရှိ ကပစ ၂၄ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စက်ရုံအတွင်း ထိခိုက်ပျက်စီးမှုရှိ

Must read

ပေါက်မြို့နယ်ရှိ ကပစ ၂၄ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စက်ရုံအတွင်း ထိခိုက်ပျက်စီးမှုရှိ

ရန်ကုန်၊ ဧပြီ ၄

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၄ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စက်ရုံအတွင်း ထိခိုက်ပျက်စီးမှုရှိကြောင်း Freedom Revolution Force (FRF) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ (ကပစ-၂၄) ကို တော်လှန်ရေးတပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး၊ ၁၀၀ မမ Drop Bomb ၄ လုံးကျဲ တိုက်ခိုက်မှု စက်ရုံ အတွင်း ကျရောက် ပေါက်ကွဲကာ ထိခိုက်ပျက်စီးမှုများ ရှိကြောင်း သိရသည်။

“ရှော့တိုက်ဒုံးတွေ Drop Bomb တွေ စက်ရုံကို တိုက်ရိုက် ထိမှန်ခဲ့လို့ အထိအခိုက် အပျက်အစီး များပြားတယ်လို့ သိရတယ်။ပျက်စီးမှု အခြေအနေကို ဆက်လက် စုံစမ်းနေပါတယ်” ဟု Freedom Revolution Force (FRF) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) အထူး တာဝန်တပ်ဖွဲ့-၂ ၊ ပေါက်မြို့နယ် ပကဖ၊ ဗိုလ်လရောင်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Freedom Revolution Force (FRF) အထူး တပ်ဖွဲ့သည် အကြမ်းဖက် စစ်အာဏာရှင် ကျဆုံးရေးအတွက် မဟာမိတ်များနှင့်အတူ စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသည့် နေရာများကို တိုက်ခိုက်လျှက်ရှိကြောင်း Freedom Revolution Force (FRF) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article