25 C
Yangon

မြင်းမူမြို့တွင် ဘူဒိုဇာကားဖြင့်မိုင်းရှင်းနေသော စစ်သားများကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်၊ မြောင်လမ်း ခွဲရှိ စစ်တပ်စခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ

Must read

မြင်းမူမြို့တွင် ဘူဒိုဇာကားဖြင့်မိုင်းရှင်းနေသော စစ်သားများကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်၊ မြောင်လမ်း ခွဲရှိ စစ်တပ်စခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဧပြီ ၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ဘူဒိုဇာကားဖြင့် မိုင်းရှင်းနေသော အကြမ်းဖက်စစ်သားများကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြာင်း Black Eagle Defense Force-MMU မှ တာဝန်ရှိသူတစ်ဦးကရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁ ရက် နံနက် ၁၀ နာရီနှင့် ၁၁ နာရီကြားတွင် မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် မြောင် လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်စခန်းနှင့် အလ္လကပ္ပကျေးရွာတွင် ပဒေသာမိုင်း ၅ လုံးဖြင့် တစ်ကြိမ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် ပဒေသာမိုင်း ၃ လုံးဖြင့် တစ်ကြိမ် နှင့် တိုက်မိုင်း ၃ လုံးဖြင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း မိုင်းရှာနေသော ဘူဒိုဇာကားနှင့် ခြေလျင်မိုင်းရှာနေသော ကြမ်းဖက်စစ် သားများ ထိထိမိမိ ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ အတိအကျသိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်၍ Black Eagle Defence Force-MMU၊ မြင်းမူမြို့နယ် ပလဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မြောင်လမ်းခွဲ၌ အထိုင်ချထားသော အကြမ်းဖက် စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း Black Eagle Defence Force-MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်ပြီး Black Eagle Defense Force-MMU၊ စစ်ကိုင်းခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ Ghost Team Ranger Myinmu ၊ မြင်းမူ ပလဖ၊ Myinmu Defense Force နှင့် မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article