25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၄ ရက် နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ အမ်း၊ မြေပုံ နဲ့ မောင်တောမြို့နယ်တွေက အကြမ်းဖက် စစ်တပ် စခန်းတွေကို ရခိုင့်တပ်တော် AA က တစ်ရက်မှ မနားပဲ တောက်လျှောက် ထိုးစစ်ဆင်တိုက်ခိုက်နေသလို ၊ စစ်တပ်ဘက်က အသေများနေပြီး ၊ အမ်းမြို့ လုံးရွာ အနေက်ဘက်က ပစ်ခတ်မှုမှာလည်း စစ်ကောင်စီ တပ်သား ၄ ဦး သေထား သေးတယ်လို့ ရခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။
  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်က အလက ၂ တောင်ပေါ်ရပ်စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို KNLA – PDF ပူးပေါင်းတပ်ကနေ စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းဟာ အသီးသီး သေကုန်ကြပြီလို့ ကျားဖြူစစ်ကြောင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က မနော်သာ ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက တိုက် လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် အသက် ၃ နှစ်အရွယ် ကလေး အပါအဝင် အရပ်သား ပြည်သူ ၅ ဦးသေဆုံးခဲ့ရတဲ့အပြင် ၊၅ လသားအရွယ် ကလေးငယ်အပါအဝင် ၉ ဦးက ဒဏ်ရာ ရထားတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article