30 C
Yangon

မြင်းခြံအကျဉ်းထောင်တွင် အသက် ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုနိုင်ဝင်းထွန်း ကို ထောင်ဦးစီးမှူး ဝင်းနိုင်စိုး နှင့် ထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ပြီးနောက် ၅ ရက်အကြာတွင် ကျဆုံး

Must read

မြင်းခြံအကျဉ်းထောင်တွင် အသက် ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုနိုင်ဝင်းထွန်း ကို ထောင်ဦးစီးမှူး ဝင်းနိုင်စိုး နှင့် ထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ပြီးနောက် ၅ ရက်အကြာတွင် ကျဆုံး

ရန်ကုန်၊ ဧပြီ ၆

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်တွင် အသက် ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုနိုင်ဝင်းထွန်း ကို ထောင်ဦးစီးမှူး ဝင်းနိုင်စိုးနှင့် ထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ပြီးနောက် ၅ ရက်အကြာတွင် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့တွင် မြင်းခြံအကျဉ်းထောင်၌ အကျဉ်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာတွင် ပါဝင်သည့် အသက် ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုနိုင်ဝင်းထွန်း (ခ) ဖားပြုတ် ကို မြင်းခြံ အကျဉ်းထောင် ဦးစီးမှူး ဝင်းနိုင်စိုးနှင့် ထောင်ဝန်ထမ်းငယ်များက ဝိုင်းဝန်း ရိုက်နှက်ခဲ့ပြီး ခိုက်ရန် ဖြစ်ပွားရာတွင် ပါဝင်သူ ၃ ဦးကို တိုက်ပိတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ပိတ် ပြစ်ဒဏ် ပေးရာတွင် ကိုနိုင်ဝင်းထွန်း ကို သီးသန့်တစ်ဦးတည်း တိုက်ပိတ်ခဲ့ကြောင်း၊ ထိုသို့ တိုက်ပိတ်ထားပြီး ၅ ရက်အကြာ မတ်လ ၁၇ ရက်နေ့တွင် ကိုနိုင်ဝင်းထွန်းသည် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“အကျဉ်းဦးစီးအ‌နေနဲ့ကတော့ သေဆုံးမှုဖြစ်မှ ရောဂါရှိလို့ဆိုပြီး ယုတ်တိမရှိတဲ့ အကြောင်းပြချက်ပေးတာပါ။ တကယ်ရောဂါရှိရင် ဒီလိုမျိုး ဥပ‌ဒေမဲ့ ရိုက်နှက်တာမျိုးကို ကျူးလွန်တာဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ပဲ ပြောချင်ပါတယ်။ အဲရဲဘော်က အခုမှ အသက် ၂၀ ကျော် ဝန်းကျင်ပဲရှိသေးတယ်ပေါ့။ သူကမသေဆုံးခင်အထိ တိုက်ပိတ်ခြင်း မခံရခင်အထိ အကျဉ်းထောင်ထဲမှာ စိုက်ပျိုးရေး တောင်ယာလုပ်ငန်းမှာ သူဝင်ရောက်လုပ်ကိုင်ပြီး အဲကရတဲ့ သီးနှံတွေ ရောင်းရတဲ့ မုန့်ဖိုးလေးတွေကနေ သူလိုချင်တာတွေ စားသောက် ဝယ်စားနေတာဖြစ်ပါတယ်။ တောင်ယာလုပ်ငန်း လုပ်ကိုင်ပြီးမှ ကျန်းကျန်းမာမာနဲ့ နေထိုင်ခဲ့တဲ့ လူတစ်ယောက်က အခုလို ရုတ်တရပ်သေဆုံးသွားမှုကြီးကတော့ တကယ်ကိုမှ ယုတ်တိမရှိတဲ့ ကိစ္စဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

မြင်းခြံ အကျဉ်းထောင် ဦးစီးမှူး ဝင်းနိုင်စိုးနှင့် ထောင်ဝန်ထမ်းငယ်များက ရိုက်နှက် နှိပ်စက်မှုကြောင့် ကျဆုံးခဲ့ရသည့်အပေါ် အကျဉ်းထောင် အာဏာပိုင်များက ကျောက်ကပ်ရောဂါနှင့် နှလုံးရောဂါကြောင့် ကျဆုံးခဲ့သည်ဟု ယင်းနေ့ ညနေပိုင်းတွင် အကျဉ်းထောင်အတွင်း ပြန်လည် ရှင်းလင်းပြောဆိုမှု ပြုလုပ်ခဲ့သော်လည်း အမှန်တကယ်ကျဆုံးရသည့် အကြောင်းအရင်းမှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများကို ဆေးဝါးကုသခွင့်မှုမပေးသည့်အတွက် ရရှိသော ဒဏ်ရာများဖြင့် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။

ကိုနိုင်ဝင်းထွန်း သည် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် ပုဒ်မ မတရားတပ်ခံရပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီးနောက် အင်းစိန်ဗဟို အကျဉ်းထောင်မှ မြင်းခြံအကျဉ်းထောင်ကို ထောင်ပြောင်းအဖြစ် ရောက်ရှိလာသူ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article