25 C
Yangon

ကန့်ဘလူတွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ တိမ်းရှောင်နေရ၊ ဆားလင်းကြီးတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ကန့်ဘလူတွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ တိမ်းရှောင်နေရ၊ ဆားလင်းကြီးတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဧပြီ ၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ တိမ်းရှောင်နေရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြာင်းသည် မတ်လ လကုန်ပိုင်းမှ စတင်ကာ ယနေ့ ဧပြီလ ၆ ရက်နေ့ထိ ၈ ရက်ကြာ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပေကုန်း၊ ဆားတွင်းကြီး၊ ပင်းတဲ၊ ဟင်းဖြူတော၊ နဂါးပေါ်၊ အုတ်ခင်း၊ ချပ်လယ်၊ ပိတောက်ပင်၊ ဇီးကုန်း၊ နှောကုန်းနှင့် ကျေးတော စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာကို ထွက်ပြး တိမ်းရှောင် နေရခြင်းဖြစ်ကြောင်းသိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧပြီလ ၅ ရက်နေ့တွင် ဇင်းရွာမှ တဆင့် ချပ်လယ်နှင့် ပိတောက်ပင်ရွာဘက်ကို စစ်‌ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ချပ်လယ်ရွာ အရှ့ဘက်၌ တစ်ညအိပ် တပ်စွဲကာ ဧပြီလ ၆ ရက် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ပိတောက်ပင်ရွာကို မီးရှို့ဖျက်ဆီးပြီး နံနက် ၁၁ နာရီခန့်တွင် ချပ်ကြီးရွာသို့ ဝင်ရောက်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်က ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ပေကုန်းကျေးရွာကို ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ‌‌နေအိမ် ၂ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၃၀ ရက်နေ့တွင် ကန့်ဘလူ ၆၀၀၆ တပ်ရင်းမှ တဆင့် ဂါးထာ၊ ဆည်ကြီးဘက်ကို ထွက်ခွာလာသော စစ်ကြောင်းဖြစ်ပြီး ဆည်ကြီးရွာမှ ဆားတွင်းကြီးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကံကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုး စီးနင်း ဝင်ရောက်လာသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပြည်သူ အများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ပြည်သူတွ အကုန်လုံး ဘေးလွတ်ရာကိုပြေးနေရတယ်။ လက်ရှိသိရတာတော့ ပြည်သူတွေ ထိခိုက်မှုမရှိသေးဘူး။ အကုန်ပြေးနေရတော့ အတည်တော့ မပြုနိုင်သေးဘူး” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article