25 C
Yangon

မင်းအောင်လှိုင်လုံခြုံရေးအတွက် ပြင်ဦးလွင်မြို့၊ ရေချမ်းအိုးရပ်ကွက်မှ အိမ်ခြေ ၃၀၀ ခန့်ကို တပ်ပိုင်မြေဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီး

Must read

မင်းအောင်လှိုင်လုံခြုံရေးအတွက် ပြင်ဦးလွင်မြို့၊ ရေချမ်းအိုးရပ်ကွက်မှ အိမ်ခြေ ၃၀၀ ခန့်ကို တပ်ပိုင်မြေဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၇

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်မှ အိမ်ခြေ ၃၀၀ ဝန်းကျင်ခန့်အပါအဝင် ရပ်ကွက် အုတ်တံတိုင်းဟောင်း၊ ကျောက်တိုင်များ၊ သံဆူးကြိုးများကို စစ်တပ်က ဘူဒိုဇာဖြင့် လာရောက်ဖျက်ဆီးသွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

ဧပြီလ ၆ ရက်နေ့တွင် စစ်တပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ထွေ/အုပ် စာရေးများနှင့်အတူ ပြည်သူများကိုအကြောင်းတစ်စုံတစ်ရာမပေးဘဲ နေအိမ်များကို ဘူဒိုဇာဖြင့် လာရောက် ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူများက မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိကြောင်း ရပ်ကွက်နေပြည်သူများက ပြောကြားသည်။

“ဂရန် ပေါက်ပြီးသားတွေကို တပ်ပိုင်မြေ ဆိုပြီးဖျက်ဖို့လုပ်တာ အရင်ကလည်း သတင်းမှာ ပါပြီးတော့ အုတ်တံတိုင်းပဲ ဖျက်သွားတာ။ အခု ၁၀ ရက်နေ့က မင်းအောင်လှိုင် လာမှာ။ မင်းအောင်လှိုင် လာမှာမို့ လုံခြုံရေးအတွက် ဖျက်တာဆိုပြီး အိမ်တွေကို အကြောင်းပြချက်ပေးပြီး ဖျက်ဆီးတာ။ ပြီးတော့ စစ်တပ်လုံခြုံရေးဆိုပြီး မတရားလိုချင်နေတာ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ဧပြီလ ၆ ရက်နေ့ ရပ်ကွက်မှ အိမ်စာရင်း၊လမ်းအမည်စာရင်းလိုက်လံကောက်ခံနေ၍ ပြည်သူများက မေးမြန်းသည့်အခါတွင်လည်း တိကျရေရာစွာ ဖြေကြားခြင်း မရှိကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

အဆိုပါ ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်တွင် အိမ်ထောင်စု ၁၀၀၀ ၊ လူဦးရေ ၃၀၀၀၀ ခန့် နေထိုင်နေကြောင်း ၊ နောက်နေ့တွင်လည်း နေအိမ်များကို လာရောက်ဖျက်ပစ်မည်ဟု ပြောဆိုသွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article