25 C
Yangon

ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကုန်ကြမ်း သိုလှောင်ရုံ ၃ ခု ပျက်စီးသွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာရ

Must read

ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကုန်ကြမ်း သိုလှောင်ရုံ ၃ ခု ပျက်စီးသွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၇

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ကုန်ကြမ်း သိုလှောင်ရုံ ၃ ခု ပျက်စီးသွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာရရှိမှု ရှိကြောင်း Black Hawk Seikphyu Revolution Front မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများ အတွက် လေယာဥ်ဗုံးသီးများ ထုတ်လုပ်ပေးနေသော အမှတ် ၂၁ ကာကွယ်ရေး ပစ္စည်းစက်ရုံကို တော်လှန်ရေး တပ်ဖွဲ့များ Short Range Missile ၂၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် လေယာဥ်ဗုံးသီးများ ထုတ်လုပ်ရန် အတွက် သိုလှောင်ထားသော ကုန်ကြမ်း သိုလှောင် ရုံ ၃ ခု ထိမှန်ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ပြင်းထန် ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။

ထို့သို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ်မှ နေ၍ ဖောကား ၁၀ စီးဖြင့် ကပစ ၂၁ ကို လုံခြုံရေး ယူပေးရန်အတွက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပ.က.ဖ Drone လက်ရုံး တပ်ဖွဲ့ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦး၊ စလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့်အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article