37 C
Yangon

မြိုင်တွင် ရဲတပ်သား တစ်ဦးက သေနတ် ၂ လက်၊ခဲယမ်းများနှင့်အတူ အလင်း ဝင်လာပြီး ဖောက်ခွဲရေးပညာများ ပြန်လည် မျှဝေ ပို့ချပေး

Must read

မြိုင်တွင် ရဲတပ်သား တစ်ဦးက သေနတ် ၂ လက်၊ခဲယမ်းများနှင့်အတူ အလင်း ဝင်လာပြီး ဖောက်ခွဲရေးပညာများ ပြန်လည် မျှဝေ ပို့ချပေး

ရန်ကုန်၊ ဧပြီ ၇

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်သားတစ်ဦးက သေနတ် ၂ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရန်အတွက် ဖောက်ခွဲရေးပညာမျှဝေ ပို့ချသင်ကြားပေးလျက်ရှိကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ရဲတပ်သား တိုးပြည့်ချမ်းသာသည် G-3 သေနတ် ၁ လက်၊ ကျည် ဘောက် ၁ ခု နှင့် ၎င်းကျည် ၁၀၅ တောင့်၊ စက်လက်သေနတ် ၁ လက်၊ ဘောက်ဝိုင်း ၁ ခု၊ ၎င်းကျည် နှင့် ၅၀၃ တောင့် တို့ကို ယူဆောင်ကာ မြိုင်ပကဖထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ထိုသို့ အလင်း‌ဝင်ရောက်လာသဖြင့် ဆုကြေး ငွေကျပ် သိန်း ၁၅၀ ဆုချီးမြှင့်ထားရှိပြီး လွတ်မြောက် နယ်မြေသို့ ပို့ဆောင်မည်ပြောဆိုသော်လည်း သွားရောက်လိုခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်လိုကြောင်း ပြောဆိုသဖြင့် ထုတ်လုပ်ရေးစခန်း၌ ဖောက်ခွဲရေးပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သော မတ်လ ၁၃ ရက်နေ့က ကမ္မအောက်ဆီဂျင်အဖွဲ့မှ ရဲဘော် ကျောင်းသားနှင့် မြိုင်ပကဖမှ ရဲဘော် ဘိုးတော်တို့ စစ်ကောင်စီတပ်သားအဖြစ် အသွင်ယူဆောင်ခဲ့စဉ်က ရဲတပ်သား တိုးပြည့်ချမ်း သာနှင့် ချိတ်ဆက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article