25 C
Yangon

ရွာငံမြို့တွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းခံရသူများကို ထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်ကို ငွေကျပ် ၃၀၀၀၀ အတင်းအဓမ္မ လိုက်လံ ကောက်ခံနေ

Must read

ရွာငံမြို့တွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းခံရသူများကို ထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်ကို ငွေကျပ် ၃၀၀၀၀ အတင်းအဓမ္မ လိုက်လံ ကောက်ခံနေ

ရန်ကုန်၊ ဧပြီ ၈

ရှမ်းပြည်နယ်၊ ရွာငံမြို့တွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းခံရသူများကို ထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်ကို ငွေကျပ် ၃၀၀၀၀ အတင်းအဓမ္မ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့တွင် ရွာငံမြို့ရှိ စျေးတန်းရပ်ကွက်ရုံး၌ အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များတွေ့ဆုံပြီး ရပ်မိရပ်ဖ ၂၅ ဦး၏ အစည်းအဝေး ဆုံးဖြတ်ချက်ဟု ပြောဆိုကာ စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းခံရသူများကို ထောက်ပံ့ရန် တစ်အိမ်ကို ငွေကျပ် ၃၀၀၀၀ နှုန်း ကောက်ခံမည့် အကြောင်းကြားစာများ လိုက်လံပို့ဆောင်ခဲ့ကြောင်း သိရသည်။

” ရပ်မိရပ်ဖ ၂၅ ဦးဆိုတာ သူတို့ အုပ်ချုပ်​ရေးအဖွဲ့ဝင်တွေပဲ ဒီ​ကောင်​တွေ ပြည်သူ​တွေအ​ပေါ် ဘယ်လို​ငွေ​တောင်းရမလဲ ကြည့်​နေတာ ဒီ​ကောင်​တွေက သူတို့​တောင်းတဲ့​ ငွေမ​ပေးရင် ပြဿနာရှာမှာဆို​တော့ မ​ပေးချင်လည်း ဘယ်တက်နိုင်မလည်း တစ်အိမ်ကို စာ ၁​ စောင်နဲ့ လိုက်​ပေးတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ရွာငံမြို့ရှိ စျေးတန်းရပ်ကွက်နှင့် ကွပ်သစ်ရပ်ကွက်တို့လည်း တစ်အိမ်ကို ငွေကျပ် ၃၀၀၀၀ အတင်းအဓမ္မ လိုက်လံ ကောက်ခံရန် စတင်ပြုလုပ်နေပြီး ကျန်ရှိသော ရပ်ကွက်များတွင် ကောက်ခံခြင်း မရှိသေးကြောင်း ဒေသပြည်များက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article