33 C
Yangon

သံတွဲမြို့မဈေးမှ ဈေး၀ယ်ပြီး ပြန်လာသည့် အမျိုးသမီး ၁ ဦးကို ရဲများက အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ခလရ ၅၅ တပ်ရင်းတွင်း၌ ဖမ်းဆီးထား၊ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေး

Must read

သံတွဲမြို့မဈေးမှ ဈေး၀ယ်ပြီး ပြန်လာသည့် အမျိုးသမီး ၁ ဦးကို ရဲများက အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ခလရ ၅၅ တပ်ရင်းတွင်း၌ ဖမ်းဆီးထား၊ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေး

ရန်ကုန်၊ ဧပြီ ၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့မဈေးမှ ဈေးဝယ်ပြီး ပြန်လာသည့် အမျိုးသမီး ၁ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများက အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ခလရ ၅၅ တပ်ရင်းတွင်း၌ ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၇ ရက်နေ့တွင် ညနေ ၆ နာရီခန့်တွင် သံတွဲမြို့မဈေးမှ ဈေးဝယ်ပြီး ပြန်လာသည့် အမျိုးသမီး ၁ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများက သံတွဲတံတားဦး မီးပွိုင့်တွင် အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ရဲစခန်းမှ တစ်ဆင့် ငပလီ အခြေစိုက် ခလရ ၅၅ တပ်ရင်းကို ကားဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ ဖမ်းဆီးသွားသူမှာ သံတွဲမြို့နယ်၊ ဘောက်တောင်ကျေးရွာမှ အသက် ၂၉ နှစ်အရွယ် မမေသဇင် ဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“မိသားစုတွေလည်း စိုးရိမ်နေကြပါတယ်။ သံတွဲမြို့နယ်ထဲမှာ လက်ရှိချိန်ထိ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်နေပြီး မကြာခဏ ဆိုသလို ရက္ခိုင့်တပ်တော် AA နဲ့ဆက်စပ်ပတ်သက်တယ် ဆိုပြီး ဖမ်းဆီးစစ်ဆေးမှုများ လုပ်လေ့ရှိနေပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြောင်းမဲ့ ဖမ်းဆီးခံရသူ မမေသဇင်သည် ဘောက်တောင်ရွာတွင် စိုက်ပျိုးရေး လုပ်ကိုင်သူဖြစ်ကြောင်း၊ ယနေ့ ဧပြီလ ၉ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ်မရသေးဘဲ လက်ရှိတွင် ခလရ ၅၅ တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ကြားသိရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article