30 C
Yangon

ချောင်းဦးမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ လောင်းလုံးမြို့နယ်တွင် စစ်တပ် စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦး သေဆုံး

Must read

ချောင်းဦးမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ လောင်းလုံးမြို့နယ်တွင် စစ်တပ် စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီးတပ်ခွဲ (မုံရွာခရိုင်ဘအမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်ရှိ သစ်တောဦးစီးဌာရုံးနှင့် လဝကရုံး တို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံး သီး ၈ လုံး ဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ကြပ် ၁ ဦးအပါအဝင် တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခရီးသွားပြည်သူများနှင့် ကားများကို အတင်းအဓမ္မ ငွေညှစ် တောင်းခံနေခြင်းကြောင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၆၀ မမ အပါဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင်ဘအမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)၊ ရန်ရှင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်းတပ်ခွဲ(၄)မီးတောက်တပ်ခွဲနှင့် မုံရွာခရိုင်အမှတ်(၈)တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျောက်နီမော်ရွာရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးတပ်စွဲထားသော စခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁ ဦး ဦးခေါင်းပွင့်ထွက်၍ သေဆုံးသွားပြီး ပျူစောထီး ၁ ဦးလည်း လက်မောင်းကို ကျည်ထိမှန်ခဲ့ကြောင်း သိရှိရသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် တစိုက်မတ်မတ်ကြိုးစား ဆောင်ရွက်လျှက်ရှိကြောင်း ပြည်သူများ စစ်ရေးသတိရှိကြရန် လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article