26 C
Yangon

ကျိုက်မရောမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး လက်နက်ချ အညံ့ခံပြီး သေနတ် ၁၀ လက် သိမ်းဆည်းရရှိ

Must read

ကျိုက်မရောမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး လက်နက်ချ အညံ့ခံပြီး သေနတ် ၁၀ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး လက်နက်ချ အညံ့ခံပြီး သေနတ် ၁၀ လက် သိမ်းဆည်းရရှိခဲ့ကြောင်း BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကျိုက်မရောမြို့နယ်၊ ကော့ဝမ်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်းကို မွန်တော်လှန်ရေး ပူးပေါင်းအဖွဲ့က ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အားလုံး လက်နက်ချ အညံ့ခံပြီး လက်နက် ၁၀ လက် နှင့် ကျည် ၅၄၃ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ SG_Production အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ စွန့်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article