33 C
Yangon

ကလေးမြို့နယ်တွင် စစ်တပ်က ပစ္စည်းသယ်ရန် ပေါ်တာ ဆွဲခဲ့သော ပြည်သူ ၁ ဦးကို ပစ်သတ်၊ သံတောင်ကြီးမြို့နယ်ရှိ ဒေဒါခိုကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်

Must read

ကလေးမြို့နယ်တွင် စစ်တပ်က ပစ္စည်းသယ်ရန် ပေါ်တာ ဆွဲခဲ့သော ပြည်သူ ၁ ဦးကို ပစ်သတ်၊ သံတောင်ကြီးမြို့နယ်ရှိ ဒေဒါခိုကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပစ္စည်းသယ်ရန် ပေါ်တာဆွဲခဲ့သော ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီလ ၅ ရက်နေ့တွင် ကလေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ညောင်တောရွာမှ ဒေသပြည်သူ ၅ ဦးကို ပစ္စည်းသယ်ရန် ပေါ်တာဆွဲခဲ့ပြီး ပေါ်တာဆွဲခံရသူများထဲမှ အသက် ၄၄ နှစ်အရွယ် အမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်တပ်က ပြည်သူ ၁ ဦးသည် နှလုံးရောဂါအခံ ရှိသူဖြစ်ပြီး ကြောက်လန့်ထွက်ပြေးရာမှ အကြမ်းဖက် စစ်သားများက သေနတ်ဖြင့် မသေမချင်း ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ ရုပ်အလောင်းကို ကျေးရွာနေ ပြည်သူများက ဧပြီလ ၆ ရက်နေ့တွင် သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ဒေဒါခိုကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ ဒေဒါခိုကျေးရွာကို သံတောင်ကြီး ဘုရင့်နောင် တပ်ရင်းမှ အကြမ်းဖက် စစ်သားများက မီးကျည်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူပိုင်ခြံ တစ်ခြံ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“လူထိခိုက်မှုတော့မရှိဘူး။ ခြံတစ်ခြံလုံး မီးလောင်သွားတယ်။ ရွာသားတွေ မနည်း မီးငြိမ်းသတ် ရတယ်။ ဒီနေ့ မွန်းလွဲပိုင်းက ရွာကိုလက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်နေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article