25 C
Yangon

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်သို့ ထိုင်းဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိ ၊ ထိုင်းစစ်တပ်နှင့်အစိုးရ ထိပ်တန်းအရာရှိကြီးများ လိုက်ပါလာ

Must read

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်သို့ ထိုင်းဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိ ၊ ထိုင်းစစ်တပ်နှင့်အစိုးရ ထိပ်တန်းအရာရှိကြီးများ လိုက်ပါလာ

ရန်ကုန်၊ ဧပြီ ၁၂

ကရင်ပြည်နယ်၊ မြ၀တီမြို့ကို KNU ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ယခု ရောက် ရှိလာကြောင်း ထိုင်းသတင်းဌာန The Reporters က သတင်းဖော်ပြသည်။

ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara သည် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ နှင့် အမှတ် ၂ ကိုလည်းကောင်း လာရောက် ကြည့်ရှုစစ်ဆေးမည်ဖြစ်ပြီး သတင်းမီဒီယာများနှင့် လည်းတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ လုပ်ရန် ရှိနေကြောင်း သိရှိရသည်။

ထိုင်းဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးသည် ထိုင်းစစ်တပ်၏ ရဟတ်ယာဉ်ဖြင့် မဲဆောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာပြီး ထိုင်းစစ်တပ်မှ အရာရှိကြီးများ၊ ထိုင်းဒုနိုင်ငံခြားရေးဝန်ကြီးတို့ပါ ပါဝင်လာကြောင်း၊ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ၏ အတွင်းရေးမှူးလည်း ပါဝင်လာကြောင်း ၊ ထိုင်းအာဏာပိုင်များနှင့် အေဂျင်စီများက လက်ရှိကြုံတွေ့နေရသည့် အခြေအနေများကိုလည်း ဝန်ကြီးနှင့်အဖွဲ့က လေ့လာ နားထောင်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article