35 C
Yangon

KNDF တပ်ရင်းအမှတ် ၂ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၃ သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကျင်းပ

Must read

KNDF တပ်ရင်းအမှတ် ၂ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၃ သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကျင်းပ

ရန်ကုန်၊ ဧပြီ ၁၂

KNDF တပ်ရင်းအမှတ် ၂ ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၃ သင်တန်းဆင်းပွဲ၊ သင်တန်းဆင်းရဲဘော်များ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားကို ‌ကရင်နီအမျိုးသားများကာကွယ်ရေးတပ်စစ်ရုံးချုပ်မှ တာဝန်ရှိသူများ၊ KNDF ဗျူဟာအမှတ်(၂)မှ ဗျူဟာမှူး၊ တပ်ရင်းမှူးများနှင့် တာဝန်ရှိသူလူကြီးမိဘများတက်ရောက်ခဲ့ကြကြောင်း၊ ရဲဘော်များသည် KNDF က ပေးအပ်သည့် တာဝန်များနှင့်ပြည်သူလူထု၏အကျိုးကို အသက်နှင့်ကိုယ်ကျိုးစွန့်၍ ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းသစ္စာကျိန်ဆိုကြပြီး သစ္စာရေသောက်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် အခမ်းအနားတွင် စစ်ရေးပြချီတက်ခြင်းနှင့် အခြားအစီအစဉ်များပါဝင်ခဲ့ပြီး အခမ်းအနားကို တာဝန်ရှိသူခေါင်းဆောင်အရာရှိများ၊ တပ်မှူးများ၊ သင်တန်းမှူးများကို ရဲဘော်များက စစ်ရေးပြအလေးပြုခြင်းဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အခြေခံစစ်ပညာသင်တန်း #ကျမ်းသစ္စာကျိန်ဆိုခြင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article