26 C
Yangon

အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၊ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၊ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ ဧပြီ ၁၃

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က အရာတော်မြို့နယ်ရှိ ဘော်ကုန်း၊ စည်သာနှင့် မကျီးစု ကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများ အတွင်း မဝင်ရောက်မီ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။

“ဒီနေ့ နံနက် စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေက အရာတော်မြို့နယ်ထဲမှာရှိတဲ့ ဘော်ကုန်း၊ စည်သာနဲ့ မကျီးစု ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာထွက်ပြေးနေရတယ်။ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်။ ထိခိုက်မှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး။ အကုန်လုံးက တစ်ယောက် တစ်နေရာပြေးနေရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ တစ်ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အရာတော်မြို့နယ် #စစ်တပ်က စစ်ကြောင်းထိုး #နေအိမ်များကို မီးရှို့ #ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article