25 C
Yangon

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုန်းအောင်းနေသော အမှတ် ၂ တံတား ပုံမှန်ပြန်ဖွင့်ပြီးကုန်ကားများ ဖြတ်သန်းသွားလာ၊ မြ၀တီမြို့ အခြေအနေလည်း ပုံမှန်ကဲ့သို့ပင် သွားလာနေ

Must read

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုန်းအောင်းနေသော အမှတ် ၂ တံတား ပုံမှန်ပြန်ဖွင့်ပြီးကုန်ကားများ ဖြတ်သန်းသွားလာ၊ မြ၀တီမြို့ အခြေအနေလည်း ပုံမှန်ကဲ့သို့ပင် သွားလာနေ

ရန်ကုန်၊ ဧပြီ ၁၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ ပုန်းအောင်နေသော အမှတ် ၂ ချစ်ကြည်ရေးတံတား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေပြီး ကုန်ကားများလည်း ယနေ့ နံနက်ပိုင်းမှစတင်၍ ဖြတ်သန်းသွားလာနေကြောင်း ဒေသပြည်သူများနှင် ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရှိရသည်။

ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ကုန်တင်ယာဉ်နှင့် ကုန်စည်များ တင်ပို့နေသော ကားများအားလုံးမှာ ထိုင်းနှင့်မြန်မာဘက်နှစ်ခုစလုံးတွင် ပုံမှန်အတိုင်း လည်ပတ်နေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေ၍ တစ်စုံတစ်ရာ ယခင်ကကဲ့သို့ ကုန်စည်စီးဆင်းမှု နှောင့်နှေးမှု မရှိတော့ဘဲ ပုံမှန် အခြေအနေကဲ့သို့ ပင် လည်ပတ်နေပြီဖြစ်ကြောင်း သိရှိရသည်။

“အခုက အမှတ် ၂ တံတားဘက်မှာ ကုန်စည်တွေက ပုံမှန်အခြေအနေထက်ကို သွားလာပြီး ပို့ဆောင်နေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတောင် ကုန်ကားတွေကြားမှာ ပျောက်သလိုဖြစ်နေတယ်။ သူတို့ရှိနေဆဲပါပဲ။ ပစ်ခတ်မှု လည်း အသံမကြားရပါဘူး” ဟု ဒေသပြည်သူတစ်ဦးကဆိုသည်။

မြ၀တီမြို့ပေါ်တွင်လည်း တိုက်ပွဲများ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ BGF (ခေါ်) KNA တပ်ဖွဲ့ဝင်များက လုံခြုံရေး ယူထားဆဲဖြစ်ကြောင်း၊ မဲဆောက်-မြ၀တီ ကူးလူးနေသည့် အမှတ် ၁ တံတားမှာလည်း ပုံမှန်အတိုင်း ဖွင့်ထားပြီး ပြည်သူများမှာလည်း နေ့စဉ် ထောင်ချီ၍ သွားလာဖြတ်သန်းနေကြောင်း သိရှိရသည်။

“ဆိုင်တွေတော့ ပုံမှန် ပြန်ဖွင့်တာရှိတယ်။ သင်္ကြန်မို့ ပိတ်တဲ့ဆိုင်လည်းပိတ်ကြတယ်။ အခြေအနေကတော့ လူတွေကတော့ပုံမှန်ပဲ။ ကလေးတချို့ ရေပက်နေကြတာရှိပါတယ်။ BGF တွေကတော့ မြို့မှာ လမ်းဆုံတိုင်းမှာ ရှိနေတယ်” ဟု မြ၀တီမြို့ မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

မြ၀တီမြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရှိတော့ဘဲ BGF အဓိက ထိန်းချုပ်ထားပြီး KNU ကမူ များမကြာမီ အုပ်ချုပ်ရေးစတင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ဓာတ်ပုံ – ယနေ့ ပုံမှန်အတိုင်းလည်ပတ်နေသော မြ၀တီမြို့ အမှတ် ၂ ချစ်ကြည်ရေးတံတား။

Photo Credit – The Reporters

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #အမှတ် ၂ တံတား ပုံမှန်ပြန်ဖွင့် #မြ၀တီမြို့ အခြေအနေလည်း ပုံမှန်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article