34 C
Yangon

AA ၏တိုက်ခိုက်မှုကြောင့် ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး၊ ကြိမ်ချောင်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေ

Must read

AA ၏တိုက်ခိုက်မှုကြောင့် ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး၊ ကြိမ်ချောင်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေ

ရန်ကုန်| ဧပြီ ၁၅

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းမှ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၉ ဦးသည် AA ၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဧပြီ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်များနှင့်အတူ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၉ ဦးတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အခြမ်းသို့ ထွက်ပြေးလာကြောင်း ၊ ရက္ခိုင်တပ်တော် AA မှ ကြိမ်းချောင်းကျေးရွာအနီးတွင်ရှိသော အောင်စစ်ပြင်နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ (၇)ကို ဝင်ရောက် တိုက်ခိုက်ရာကနေ ထွက်ပြေးလာသူများ ဖြစ်ကြောင်း ဒေသခံများက Western News ကိုပြောသည်။

ကြိမ်ချောင်းနယ်ခြားစောင့်တပ် နခခ (၇) သည် မောင်တောမြို့နယ်တွင် အကြီးဆုံး နယ်ခြေားစောင့်စခန်း တစ်ခုဖြစ်ပြီး အဆိုပါ တပ်စခန်းကို မတ်လဆန်းပိုင်းမှ စ၍ ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက် နေခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် Cox’s Bazar၊ တက္ကနာ Teknaf မြို့နယ်၊ ခြံချောင်းကျေးရွာ Kharang Khali ကို လက်နက်များနှင့်အတူ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” AA နဲ့ တိုက်ပွဲ ဖြစ်ပြီးတော့ ဒီဖက်ကို ထွက်ပြေးလာကြတာပါ။ လက်နက်တွေ ပါတယ်။ လက်နက်တွေကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အပ်လိုက်တာ တွေ့ပါတယ်။ နယ်ခြားစောင့် အဖွဲ့ဝင် ၉ ဦးပါတယ်။ အရင် ရက်တွေကလည်း ဝင်ရောက်လာသူတွေရှိတယ်။ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံးပို့ဆောင်ထားပါတယ်”ဟုပြောသည်။

ထွက်ပြေးလာသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းသိမ်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၅ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူများကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဆေးကုသပေးထားကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကြိမ်ချောင်း ဗျူဟာကုန်းသည် နခခ (၇)တွင် စစ်ကောင်စီတပ်ဖွဲဝင် ၁၀၀ ကျော်အပါအဝင် နယ်ခြားစောင့်တပ်ဖွဲဝင် ၄၀၀ ခန့်နှင့်အတူ ၎င်းတို၏ မိသားစုဝင်များ ၁၅၀ ခန့်ရှိသော စခန်းကြီးတစ်ခုဖြစ် ကြောင်း သိရသည်။

အဆိုပါ ကြိမ်ချောင်း ဗျူဟာကုန်းကို မတ်လ ၂၃ရက်တွင်မှ AA က ထိုးစစ်ဆင် တိုက်ခိုက်ရာမှ ဧပြီ လ ၁၂ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အများအပြား သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတချို့နှင့် ၎င်းတို့၏ မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #AA ၏တိုက်ခိုက်မှု #ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်း #ကြိမ်ချောင်းစခန်းသိမ်း တိုက်ပွဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article