29 C
Yangon

မွန်ပြည်နယ်တွင် ရထားနှင့် ကားတိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရ

Must read

မွန်ပြည်နယ်တွင် ရထားနှင့် ကားတိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရထားနှင့်ကားတိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရကြောင်း သိရှိရသည်။

ယမန်နေ့ ဧပြီ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် မွန်ပြည်နယ် ပေါင်မြို့နယ် ကျွဲခြံ ကျေးရွာ ရွာသစ်ပိုင်းရန်ကုန် – မော်လမြိုင် ရထားလမ်း နှင့် ကျွဲခြံ -ကော့ကရင်သွားလမ်းဆုံတွင် ယာဥ်မောင်း ဦးဟိန်းမင်းဦး မောင်းနှင်သည့် ယဥ်အမှတ် (9N/3816) မစ်ဆူဘီရှီ ယာဉ်က ရထားလမ်းအားဖြတ်ကူးစဥ်တွင် အမှတ် ၈၁ အစုန် ရန်ကုန် – မော်လမြိုင် လူစီးရထားနှင့်တိုက်မိကြောင်း၊ ရထား လမ်းတစ်လျှောက် ပေ ၅၀၀ကျော်ခန့် ရထားနှင့်အတူ ကားမှာ အတူပါသွားခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ကားနှင့်ရထားတိုက်မှုကြောင့် ယာဥ်ပေါ်ပါ ယာဥ်မောင်း ၁ ဦး၊ အမျိုးသမီး၃ ဦး ဒဏ်ရာရှိပြီး ဒဏ်ရာရရှိသူအမျိုးသမီးများအနက်မှ ၁ ဦးမှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မွန်ပြည်နယ် #ရထားနှင့် ကားတိုက်မှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article