37 C
Yangon

ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ကျော်သေဆုံးကာ PDF ၂ ဦးကျဆုံး သေဆုံး စစ်သားအလောင်းများကို လာမကောက်သေး

Must read

ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ကျော်သေဆုံးကာ PDF ၂ ဦးကျဆုံး သေဆုံး စစ်သားအလောင်းများကို လာမကောက်သေး

ရန်ကုန်၊ ဧပြီလ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၃ ရက်နေ့က ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် အ ကြမ်းဖက်စစ်ကောင်စီတပ်သားများကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ဦးမှု ရယူ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးစစ်သားအလောင်းများယနေ့အချိန်အထိလာရောက်ကောက် ယူ နိုင် ခြင်းမရှိသေးပဲ ဒဏ်ရာရရှိသူများကို အောင်ပန်းမြို့ ကုတင် ၇၀၀ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်ခွဲ ၁ တပ်စိတ် ၁ မှ ပ-တပ်စိပ်မှုးရဲဘော်အောင်ကြီးနှင့်တပ်ခွဲ ၁ ၊ တပ်စိတ် ၁ မှ ဒု-တပ်စိပ်မှုးရဲဘော် အယ်ဝိုင်းတို့ တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ကိုပေးလှူခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ညောင်ရွှေမြို့နယ် #သေဆုံး စစ်သားအလောင်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article