28 C
Yangon

ကလေးဝမြို့နယ်တွင် ဒုရဲအုပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ချီးမြှင့်

Must read

ကလေးဝမြို့နယ်တွင် ဒုရဲအုပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ချီးမြှင့်

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် ဒုရဲအုပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း Chinland Defense Force – Kalay Kabaw Gangaw အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၅ ရက်နေ့ ကလေးဝမြို့နယ်မှ ဒုရဲအုပ် ၁ ဦးသည် Chinland Defense Force – Kalay Kabaw Gangaw အဖွဲ့ထံ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော ဒုရဲအုပ်သည် BA 94 လက်နက် အမျိုးစား ၁ လက် ၊ ကျည်ဘောက် ၂ ဘောက် ၊ ကျည်ဆံ အတောင့် ၂၀၀ နှင့် ခြောက် လုံးပြူး ၁ လက် ၊ ကျည် ၁၂ တောင့် ပါ ယူဆောင်လာသောကြောင့် ဆုကြေးငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက် နယ်မြေကို ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကလေးဝမြို့နယ် #လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article