29 C
Yangon

ပုသိမ်-မုံရွာ လမ်းပိုင်းရှိ စစ်တပ်၏ ကပစ ထုတ် စစ်လက်နက် ပစ္စည်းများ သယ်ယူရာတွင် အဓိက အသုံးပြုနေသည့် တံတား ၁ စင်းကို PDF တပ်ဖွဲ့က ရှင်းလင်း

Must read

ပုသိမ်-မုံရွာ လမ်းပိုင်းရှိ စစ်တပ်၏ ကပစ ထုတ် စစ်လက်နက် ပစ္စည်းများ သယ်ယူရာတွင် အဓိက အသုံးပြုနေသည့် တံတား ၁ စင်းကို PDF တပ်ဖွဲ့က ရှင်းလင်း

■ ပြည်သူများ ပုသိမ်-မုံရွာ လမ်းကို လုံးဝ အသုံးမပြုရန် PDF တပ်ဖွဲ့က သတိပေး

ရန်ကုန်၊ ဧပြီ ၁၅

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ စစ်တပ်၏ ကပစ ထုတ် စစ်လက်နက် ပစ္စည်းများ သယ်ယူရာတွင် အဓိက အသုံးပြုနေသည့် တံတား ၁ စင်းကို PDF တပ်ဖွဲ့က ရှင်းလင်းခဲ့ပြီး ပြည်သူများ ပုသိမ်-မုံရွာ လမ်းကို လုံးဝ အသုံးမပြုရန် ဒေါင်းစစ်အောင် LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ည ပိုင်းတွင် စလင်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၁ နှင့် ၂၅ မှ စစ်လက်နက် ပစ္စည်းများ သယ်ယူရာတွင် အဓိက အသုံးပြုနေသည့် တံတား ၁ စင်းကို ဒေါင်းစစ်အောင် LPDF အဖွဲ့နှင့် SLN LPDF အဖွဲ့က ရှင်းလင်းလိုက်ကြောင်း သိရသည်။

“ပုသိမ်-မုံရွာ လမ်းပိုင်းက စစ်ခွေးတွေရဲ့ ကပစ ၂၁ နဲ့ ၂၅ က အဓိက ထုတ်ကုန်တွေကို သယ်ယူနေတဲ့ အဓိက လမ်းမကြီးဖြစ်လို့ ကျွန်တော်တို့ ညီနောင်မဟာမိတ် ၂ ဖွဲ့က ပူးပေါင်းပြီးတော့ တံတားကို ချိုးခဲ့တာပါ။ ပြည်သူများ အနေနဲ့လည်း ဒီလမ်းကြောင်းကို မသုံးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ဒေါင်းစစ်အောင် LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၁၃ ရက်နေ့ကလည်း စလင်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ ကံပြား နှင့် ကန်စွန်းမ အကြား လမ်းပိုင်းတွင် ဒေါင်းစစ်အောင် LPDF အဖွဲ့နှင့် SLN LPDF အဖွဲ့က လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article