31 C
Yangon

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီး စခန်းနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို တပြိုင်တည်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီး စခန်းနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို တပြိုင်တည်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီး စခန်းနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို တပြိုင်တည်း တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီးများ တပ်စွဲထားသော တာဝါတိုင် စခန်းကုန်းနှင့် ဘုရားတောင်ကုန်းများရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို လောင်းလုံး PDF တပ်ဖွဲ့က တပြိုင်တည်း ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တာဝါတိုင်းစခန်းကို ၀င်ရောက် တိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦးအပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြင်းထန် ဒဏ်ရာရရှိသူ ၄ ဦးအနက်မှ ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ၃ ဦး ထပ်မံသေဆုံးကြောင်း သိရှိရသည်။

အလားတူ ဘုရားတောင်ကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်းကြောင့် အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များက ပျူစောထီး စိုးသိန်း ဦးဆောင်သော ကျောက်နီမော်ရွာ အအေးခန်း စက်ရုံဟောင်းရှိ ပျူစောထီး စခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားစဉ် အတွင်း ရေကြောင်းမှ စစ်ကောင်စီ ရေတပ်သင်္ဘောများ ရောက်ရှိလာကာ ၁၂၀ မမ လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ပြီး စစ်ကူပေးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Launglone PDF Air Force (ဒရုန်းတပ်ဖွဲ့) Launglone PDF Sniper Team (စနိုက်ပါအဖွဲ့) နှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ (တပ်စုပေါင်းစုံဖြင့်) လိပ်ပြာတပ်စုတောသားလေးတပ်စုဂဠုန်တပ်စုဇုန်-၄တပ်စုကင်းမြှီးကောက်ပြောက်ကျားတပ်စုရွှေသောင်ယံတပ်စုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article